ချစ်ပရိတ်သတ်ကြီးရေ... ဟိုးအရင်ကတည်းက ရုပ်ရှင်အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ ရုပ်ရှင်လောကမှာဘုရင်တစ်ဆူလိုနေရာယူနေခဲ့ပြီးတော့ သူရဲ့ရုပ်ရှင်ဇာတ်ကားတွေတိုင်းကလည်း ပရိတ်သတ်တွေအသည်းစွဲဖြစ်ပြီး အခုထိအောင်မြင်နေဆဲပါပဲနော်။

အခုတစ်ခါ ရုပ်ရှင်လောကထဲကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ အရင်ကနဲ့မတူတဲ့ဖနိတီးမှုတွေ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်နော်။ ကျော်သူဟာ အခုတစ်ခါမှာတော့ သရုပ်ဆောင်အပြင်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုရိုက်ကူးပုံဖော်လျက်ရှိပါတယ်နော်။

မိသားစုကိုလည်း အရမ်းချစ်တဲ့ကျော်သူဟာ အခုတစ်ခါမှာတော့ သူရဲ့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးအကြောင်းကို ပြောပြခဲ့ပြန်ပါတယ်နော်။ ဟိုးအရင်ကပုံရိပ်ဟောင်းလေးတွေနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကို ထုတ်ပြပြီး မိသားစုအကြောင်းကို တစ်ပုံချင်းစီပြောခဲ့တာဖြစ်ပြီးတော့ ပရိတ်သတ်တွေအားလုံးကလည်း ကျော်သူပြောပြတဲ့အကြောင်းအရာလေးတွေကို ပုံလေးတွေကြည့်ရင်းနဲ့ ကြည်နူးပျော်ရွှင်ခဲ့ရပါတယ်နော်။ ကဲ.... ကျော်သူတို့ရဲ့ မိသားစုပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source ;Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။