တစ်ဦးတည်းသောသားလေးကို ချစ်ခင်ပွန်းနဲ့အတူ လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြတ်တဲ့ သားလေးဖြစ်အောင်ပြုစုပျိုးထောင်ပေးနေတဲ့ ချစ်မေမေ မိုးယုစံဟာဆိုကိုသိကြမယ်ထင်ပါတယ်နော်...။ သူမဟာဆိုရင် မြန်မာဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး၊ ဇာတ်ကားကြီးထဲမှာလည်းပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်...။ အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာအလုပ်တွေနဲ့ အနည်းငယ် အလှမ်းဝေးသွားပေမယ့် မိသားစုပုံရိပ်လေးတွေကို တင်ဆက်ပေးလေ့ရှိတာမလို့ တတိုင်းပြည်လုံးရှိပရိသတ်တွေက ဆက်လက်ချစ်ခင်အားပေးနေကြတာကို မြင်တွေ့ရမှာပါ...။


သားလေးဖြစ်တဲ့ ကောင်းသိင်္ခမိုးသူဟာဆိုရင်လည်း မိဘစကားနားထောင်ပြီး အဖေ၊ အမေတူတာမလို့ အလွန်ပင်ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်...။ မိုးယုစံတို့မိသားစုလေးဟာဆိုရင် အပန်းဖြေခရီးတွေ၊ shopping တွေလည်းထွက်လေ့ရှိပြီး သားလေးပျော်အောင်လို့ ကစားကွင်းတွေ လိုက်ပို့ လေ့ရှိတာဖြစ်ပါတယ်...။ အနုပညာနယ်ပယ်မှာ အောင်မြင်မှုများစွာ ရရှိထားတဲ့ မိုးယုစံဟာဆိုရင် သာယာတဲ့ အိမ်ထောင်ရေး ဖြစ်အောင်လို့လည်း ကြင်နာတရားတွေ၊ မေတ္တာတွေ အပြည့်နဲ့ ကောင်းမွန်စွာ တည်ဆောက်နေတာကို ကြည်နူးအားကျဖွယ် အားပေးကြရမှာပါ...။

မိုးယုစံဟာဆိုရင် "နှင်းဆီ" အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မင်းသမီးတစ်ဦးအနေနဲ့ ဆန်းပြားလှပတဲ့ ကကွက်တွေကိုရှုစားခဲ့ကြရမှာပါ...။ အနုပညာအလုပ်တွေကို သိပ်အချိန်မပေးနိုင်တော့ပဲ မအားမလပ်တဲ့ ကြားကနေ မိုးယုစံက အလှဓာတ်ပုံလေးတွေ၊ ကြော်ငြာ၊ မဂ္ဂဇင်းတွေကိုတော့ ရိုက်ကူးထားပါသေးတယ်...။ ဒါဟာ ပရိသတ်တွေ အပေါ်ထားရှိတဲ့ သူမရဲ့ လေးစားဂုဏ်ယူဖွယ် အနုပညာကြိုးပမ်းမှုလေးပဲဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း လွမ်းဆွတ်၊ တမ်းတသတိရနေတဲ့ ပရိသတ်ကြီးအတွက် တစ်ကိုယ်တော်အလှပုံရိပ်လေးတွေကို တင်ဆက်ပြသပေးလိုက်တာမလို့ ကြည့်ရှုအားပေးသွားကြပါဦးနော်...။

Source Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။