One Direction အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Harry Styles ဟာဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက Kaia Gerber ရဲ့မိသားစုနဲ့အတူ အချိန်တွေအတူတူဖြတ်သန်းခဲ့ကြပါတယ်။ ခုချိန်မှာတော့ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ Harry ဟာ အသက် ၁၇နှစ်ရှိပြီဖြစ်တဲ့ Kaia နဲ့အတူ Malibu ကမ်းခြေမှာ အတူတူပျော်ရွှင်စွာ အချိန်တွေဖြတ်သန်းခဲ့ကြပါတယ်။ ပုံတွေထဲမှာလဲ သူတို့နှစ်ယောက် ပျော်ရွှင်စွာ ကစားနေတာကို ပရိသတ်ကြီး တွေ့ရှိရမှာဖြစ်ပါတယ်။  

Kaia ဟာဆိုရင်တော့ Model တစ်ယောက်ပဲဖြစ်ကာ သူမရဲ့ အမေကတော့ Super Model တစ်ယောက်ဖြစ်ခဲ့တဲ့ Cindy Crawford ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်သိကြတာကလဲ ၄နှစ်လောက်ရှိပြီဖြစ်ကာ နှစ်ယောက်စကားပြောနေချိန်မှာ ပြုံးရွှင်ရယ်မော်နေကြတာမို့ ကောင်းမွန်တဲ့ အလားအလာ တွေရှိပါတယ်။ အဆိုတော်တစ်ယောက်လဲ ဖြစ်သလို မင်းသားတစ်ယောက်ဖြစ်တဲ့ Harry ဟာ Kaia တို့မိသားစုနဲ့ ရင်းနှီးတာအချိန်ကြာပြီမို့ တစ်ခါတစ်လေမှာ သူမနဲ့အတူ သူတို့မိသားစုနဲ့ပါ လည်ပတ်လေ့ရှိပါတယ်။  

Kaia ရဲ့အမေဖြစ်သူ Cindy Crawford ဟာဆိုရင် 90s ရဲ့ အောင်မြင်ကျော်ကြားတဲ့ Supermodel တစ်ယောက်ဖြစ်ကာ သူမကလဲ အမေ့ရဲ့ အကူအညီနဲ့အတူ မော်ဒယ်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူမက သူမရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ မော်ဒယ်အလုပ်ကိုကြိုးစားကာ ၂၀၁၈ခုနှစ်ရဲ့ The Fashion ဆုပေးပွဲမှာ Model Of The Year ဆုကိုရရှိခဲ့ပါတယ်။ အဲ့အပြင် သူမဟာ တခြားသော နာမည်ကြီး Brand ဖြစ်ကြတဲ့ Chanel, Prada, Versace နဲ့ Alexander Wang တို့ရဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။  

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။