Jutin Bieber လဲ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေခဲ့တာ ၁၂နှစ်ရှိပြီဖြစ်ကာ ပရိသတ်တွေရဲ့အားပေးမှုကို အခံအမာရရှိနေခဲ့ပါတယ်။ ကြားထဲမှာလဲ သီချင်းမဆိုတာ ၂နှစ်နီးပါရှိခဲ့ကာ ခုတော့သူသီချင်းသစ်တွေနဲ့ ပြန်လာပါပြီ။ အခုချိန်မှာလဲ သူဟာ Hollywood ဆိုတဲ့ အကျော်အမော်တွေရှိရာ နေရာကို ပြောင်းခဲ့ပါပြီး။ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ Pop Star ဟာဆိုရင် တနင်္လာနေ့တုန်းက သီချင်းအသစ်တွေအတွက် အသံသွင်း Studio ကိုခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ သီချင်းသစ်တွေပြန်လုပ်နေရတဲ့အတွက် တော်တော်ပျော်ရွှင်နေပုံပါပဲ။ 

သူပုံကိုလဲ ဘေးတိုက်ရိုက်ကူးခဲ့တဲ့အတွက် သူရဲ့ လည်ပင်နားက တက်တူးတွေကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူရဲ့ သီချင်းအသစ်တွေက ထွက်ရှိလာတာမကြာသေးဘူးဆိုတာ ပရိသတ်ကြီးလဲ သိမှာပါ။ သူလက်ထပ်ပြီးနောက်မှာ ပထမဆုံးထွက်လာတဲ့ သီချင်းကတော့ Lil Dicky အပြင် တခြားသော အနုပညာရှင်ပေါင်းများစွာနဲ့ဆိုထားတဲ့ Earth ဆိုတဲ့သီချင်းပဲဖြစ်ကာ နောက်သီချင်းကတော့ သိပ်မကြာသေးခင်က ထွက်ရှိထားတာဖြစ်ပြီး Ed Sheeran နဲ့အတူဆိုထားတဲ့ I Don't Care ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ 

JB ဟာမကြာသေးခင်က အင်တာဗျူးတစ်ခုမှာ သူရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး တိုက်ပွဲဝင်နေရတယ်ဆိုတာကို ဖွင့်ပြောပြခဲ့ပါတယ်။ " ကျွန်တော်အထီးကျန်နေခဲ့ပါတယ်....ပြီးတော့ ကျွန်တော့်အတွက်အချိန်လိုအပ်ပါတယ် " ဆိုပြီးပဲ သူပြောပြခဲ့ပါတယ်။ သူနဲ့ Hailey တို့ အဆင်မပြေကြဘူးလားမသိဘူးနော်....။ Scooter Braun ဆိုတဲ့ သူကလဲ သူ့ကို " ဒီငယ်ရွယ်တဲ့ ကောင်လေးက ကစားပွဲကို ပြောင်းလဲနိုင်မယ်ဆိုတာ ယုံကြည်ပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ စဉ်းစားစရာက ကစားပွဲဆိုတာ ဘာကိုပြောတာ.......။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။