ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့မေလ(၂၀)ရက်နေ့ကတော့ မော်လ်ဒယ်သရုပ်ဆောင် အလှမယ်မင်းသမီးချောလေး မိုးစက်ဝိုင်ရဲ့ မွေးနေ့ရက်လေးဖြစ်ပြီး မိုးစက်လေးကတော့ သူမရဲ့မွေးနေ့ပွဲလေးကို ခမ်းခမ်းနားနားကျင်းပပြုလုပ်ခဲ့ပါတယ်..။

ပျော်စရာကောင်းပြီး ခမ်းနားလွန်းတဲ့ မွေးနေ့ပွဲလေးကို မိသားစု မိတ်ဆွေသူငယ်ချင်းများအပြင် နာမည်ကျော်အနုပညာရှင်များစွာ တက်ရောက်ဂုဏ်ပြုရင်း ပျော်ပျော်ရွှင်ရွှင် ကျင်းပပြုလုပ်ခဲ့တာမို့ အားလုံးကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။


ပျော်ရွှင်စရာကောင်းလွန်းတဲ့ မွေးနေ့ပွဲပုံရိပ်လေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ ပြည်သူချစ် နတ်မိမယ်လေးတွေ လွတ်လွတ်လပ်လပ်ကခုန်ပျော်ရွှင်ရင်း တက်ရောက်ခဲ့တဲမိုးစက်ရဲ့ မွေးနေ့ပွဲလေးကတော့ မြင်သူတကာကို ကြည်နူးမှုတွေနဲ့ အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

မွေးနေ့ပွဲလေးကို အလန်းစားဖက်ရှင်လေးတွနဲ့ တစ်ယောက်တစ်မျိုးစီ လှသွေးကြွယ်လွန်းနေကြတဲ့ ပြည်သူချစ် အနုပညာရှင်မင်းသမီးလေးတွေရဲ့ ပုံရိပ်လေးတွေကိုလည်း မိုးစက်လေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။


မွေးနေ့ပွဲတက်ရင်း လှရက်နေကြတဲ့ မွေးနေ့ရှင်လေးနဲ့အတူ ပွဲတက်အနုပညာရှင် မင်းသမီးချောလေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကို အချစ်ပိုဖမ်းစားထားပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ Myanmarload မှ မိုးစက်ရဲ့ ချစ်ပရိသတ်တွေနဲ့အတူ ပရိသတ်တွေအားလုံးအတွက် မိုးစက်ရဲ့ မွေးနေ့ပွဲလေးကို တက်ရောက်ခဲ့ကြတဲ့ ပြည်သူ့ချစ် အနုပညာရှင်နတ်မိမယ်လေးတွေရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မိုးစက်ဝိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။