မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းကတော့ ဆယ်ကျော်သက်အရွယ် ပျိုပျိုမေလေးတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အရပ်ရှည်ရှည် ၊ Body တောင့်တောင့်နဲ့ အထာကျကျ ဝတ်စားဆင်ယင်တတ်တဲ့ အောင်ရဲလင်းက နိုင်ငံခြားမင်းသားတစ်ယောက်လို့တောင် ထင်မှတ်ရလောက်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်ရဲလင်းက ကြော်ငြာနဲ့ ဇာတ်ကားတွေ လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ အောင်ရဲလင်းက ပက်ထရစ်ရှာနဲ့အတူ ကြော်ငြာတစ်ခု ရိုက်ကူးခဲ့ပါတယ်။ အမြဲလိုလို GYM ကစားလေ့ရှိတာကြောင့် အောင်ရဲလင်းက မိန်းကလေးတွေ ကြွေရလောက်တဲ့ အမိုက်စား Body မျိုးကို ပိုင်ဆိုင်ထားရတာလည်း ဖြစ်ပါတယ်။ အခုလည်း အောင်ရဲလင်းက အပေါ်ပိုင်းဗလာနဲ့ ရင်ခုန်စိတ်လှုပ်ရှားချင်စရာကောင်းတဲ့ ပုံလေးတွေကို ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။

အောင်ရဲလင်းက Six Packs တွေ အထင်းသားပေါ်လွင်နေတဲ့ ခပ်ဟော့ဟော့ပုံစံနဲ့ ပို့စ်ပေးကြမ်းနေခဲ့တာ ဖြစ်ပါတယ်။ ကတုံးဆံပင်ကေနဲ့ အထာကျနေတဲ့ အောင်ရဲလင်းရဲ့ပုံရိပ်တွေကတော့ လုံးဝကို အမိုက်စားဖြစ်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိန်းကလေးတွေကြား အရမ်းကို ရေပန်းစားနေတဲ့ အောင်ရဲလင်းရဲ့ အကြမ်းစားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aung Ye Lin Fan Club;

Photo credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။