ဒီနေ့မေလ၂၂ရက်နေ့လေးကတော့မြန်မာလက်ရွေးစင်အသင်းတိုက်စစ်မှူးအောင်သူရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။အောင်သူကတော့ဒီနေ့မှာအသက်၂၃နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။သူကတော့၂၀၁၄အာရှယူ၁၉ပြိုင်ပွဲကလည်းကပရိသတ်တွေရဲ့အချစ်တော်ကစားသမားဖြစ်ခဲ့တာပါ။ငယ်ငယ်ရွယ်ရွယ်နဲ့ဘောလုံးစကေးတွေကောင်းတာကြောင့်လက်ရွေးစင်အသင်းမှာအသက်ငယ်ငယ်နဲ့ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ဘောလုံးပါရမီတွေပရိသတ်တိုင်းချီးကျူးနေရတဲ့စကေးတွေကြောင့်လည်းယခုမှာထိုင်ပရီးမီးယားလိဒ်ကလပ်မြောင်တောင်အသင်းမှာကစားနေရတာဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းတွေကလည်းမနှစ်ကထိုင်းကလပ် police tero အသင်းမှာခြေစွမ်းပြခဲ့ပြီးထိုင်းပရိသတ်တွေရဲ့အချစ်တော်တောင်ဖြစ်ခဲ့ရတဲ့ကစားသမားတစ်ယောက်ပါ။

သူကတော့လက်ရှိအချိန်မှာဘောလုံးလောကမှာအောင်မြင်နေရုံသာမကပျော်ရွှင်စရာအိမ်ထောင်ရေးလေးကိုလည်းပိုင်ဆိုင်ထားတာပါ။သူတို့ရဲ့အိမ်ထောင်ရေးလေးကလည်းပရိသတ်တွေအားကျနေရတာပါ။ပရိသတ်တွေလည်းသာယာတဲ့အိမ်ထောင်ရေးလေးနဲ့အောင်မြင်တဲ့ဘောလုံးသမားဘဝကိုပိုင်ဆိုင်ထားတဲ့အောင်သူ့ရဲ့မွေးနေ့လေးကိုလည်းဆုတောင်းပေးကြပါဦးနော်။

SOURCE:Aung Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။