Sexy Actress အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ယုံကြည်မှုရှိရှိလျောက်လှမ်း နေတဲ့ သင်ဇာဝင့်ကျော်တစ်ယောက် စင်ကာပူနိုင်ငံမှာကျင်းပတဲ့ Event မှာ နေဗီပြာ ရောင်ဝတ်စုံနဲ့ အားလုံးရဲ့စိတ်အာရုံတွေကို အပြတ်အသတ်ဖမ်းစားနိုင်ခဲ့ပါတယ်။ သူမရဲ့ Fashion တိုင်းဟာ လူစိတ်ဝင်စားမှု ရှိခဲ့ပြီး ပွဲတက်တိုင်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ ခြေလှမ်း၊ သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးတွေနဲ့ အမြဲတမ်းတက်ရောက်ခဲ့ သူပါပဲ။ ဒီတစ်ခေါက်မှာလည်း လှချင်တိုင်းလှနေတဲ့သူမဟာ Event ရဲ့ မင်းသမီးလေး ပေါ့။

ချစ်သူနဲ့လည်း သာယာပျော်ရွှင်တဲ့ Relationship Life လေးမှာ သူမက အေးချမ်း တည်ငြိမ်စွာရှိနေပြီး ဂရုစိုက်တတ်တဲ့ချစ်သူကြောင့်အရမ်းကို ပျော်နေတဲ့ သင်ဇာရဲ့ပုံရိပ် လေးတွေက ကြည်နူးစရာပါပဲ။ သူမရဲ့အနုပညာသက်တမ်းဟာလည်း အတော်လေးကြာမြင့် ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း အတော်များ များပါပဲ။ ဝေဖန်သူတွေရှိနေပေမယ့် သင်ဇာကတော့ အပြုံးမပျက် ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင်ဆက်လုပ်နေဆဲပါပဲ။

သူမရဲ့ပွဲတက်ပုံရိပ်တွေကို " Event in Singapore Glad to meet with u guys " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ နေဗီပြာရောင်ဝတ်စုံနဲ့ သူမရဲ့အတွင်းသားအလှတွေကို အထင်းသားမြင်နေရပြီး လှပမှုတွေ ယိုဖိတ်နေတဲ့ မြန်မာပြည်က နတ်သမီးလေးတစ်ပါး က စင်ကာပူနိုင်ငံသား တွေရဲ့ စိတ်အာရုံကို ဒီပွဲလေးမှာ အပြတ်အသတ်ဆွဲဆောင်နိုင်ခဲ့ပါ တယ်။

Photo - Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။