ပဏာမ မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းဟာ ဗီယက်နမ်ယူ-၂၃ အသင်းနှင့် ကစားမယ့် ခြေစမ်းပွဲအတွက် ယနေ့ (မေ ၂၁) ညနေပိုင်းမှ စတင်ကာ စခန်းသွင်း လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ ဗီယက်နမ်နှင့် ပွဲအတွက် ပဏာမကစားသမား စာရင်းတွင် စစ်ကိုင်းယူနိုက်တက် ကွင်းလယ်လူ မျိုးမင်းဖြိုးကို အားဖြည့်ရွေးချယ်ထားရာ စုစုပေါင်း ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်မည် ဖြစ်ပါတယ်။ 

ပဏာမ မြန်မာယူ-၂၃ အသင်း အနေဖြင့် လေ့ကျင့်ခန်း အစီအစဉ်များကို ဇွန် ၄ ရက်အထိ နံနက်၊ ည ပြုလုပ်သွားမှာ ဖြစ်ပြီး ဇွန် ၅ ရက် နံနက်ပိုင်းတွင် လေ့ကျင့်ခန်းတစ်ကြိမ် ဆင်းပြီးနောက် ညနေပိုင်းတွင် ဗီယက်နမ်သို့ ထွက်ခွာမည် ဖြစ်ပါတယ်။ စခန်းသွင်း လေ့ကျင့်တဲ့ ကာလဖြစ်သော်လည်း ကစားသမားအချို့ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ပြိုင်ပွဲတွင် မိခင်ကလပ်အတွက် ကိုယ်စားပြု ကစားခွင့်ရမည်လည်း ဖြစ်ပါတယ်။ 

ဗီယက်နမ်နှင့်ပွဲအတွက် ရွေးချယ်ထားသည့် ပဏာမ မြန်မာယူ-၂၃ အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များကို မီဒီယာများ အနေဖြင့် ဇွန် ၄ ရက်ညနေ ၄း၃၀ နာရီ၊ ဇွန် ၅ ရက် နံနက် ၉း၀၀ နာရီတွင် သုဝဏ္ဏကွင်းအတွင်း သတင်းလာရောက် ရယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်။ ခြေစမ်းပွဲကို ဇွန် ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

source: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။