မြန်မာ့လက်ဝှေ့လောကမှာ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ ထွန်းထွန်းမင်းကတော့ မကြာမီမှာပဲ မျိုးဆက်သစ်ဖိုက်တာရွှေရာမာန်နှင့်ထိုးသတ်ဖို့ရှိနေတာပဲဖြစ်ပါတယ်။ ထွန်းထွန်းမင်းကတော့ လက်ဝှေ့လောကရဲ့ ဝါရင့်သဘာရင့်သူတစ်ယောက်ဖြစ်တဲ့အပြင် မြန်မာ့လက်ဝှေ့ပညာကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ရွှေရာမာန်နဲ့ပြိုင်ပွဲမတိုင်မီ ကြားပွဲတွေထိုးသတ်ဖို့ရှိနေပြီး ပြိုင်ပွဲအတွက်လည်းအမြဲအဆင်သင့်ရှိနေကြောင်း ပြောကြားထားတာတွေ့ရပါတယ်။   

လက်တလော ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ ထွန်းထွန်းမင်းနဲ့ ရွှေရာမာန်တို့ရဲ့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ထွန်းထွန်းကတော့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ ပရိသတ်တွေထင်မြင်မှုနဲ့ပတ်သက်ပြီး ထွန်းထွန်းမင်းကတော့ " ကျွန်တော် ငယ်ငယ်လေးကတည်းက လက်ဝှေ့ထိုးခဲ့သမျှ ပရိတ်သတ် ကို တစ်ခါမှမလိမ်ခဲ့ဖူးဘူ ကျွန်တော်နဲ့ရာမာန်ပွဲကို Facebook ပေါ်မှာပြောနေကြတာ ကျွန်တော်တို့ပွဲကမကောင်းဘူ တကယ်မထိုးဘူ ညာထိုးမယ်ဆိုပြီး။ အစကတည်းကမထိုးဘူးဆို စာချုပ်မချုပ်ပါဘူ တကယ်ထိုးမယ်ဆိုလို့တကယ်ချုပ်တာပါ လက်ဝှေ့သမားတွေအားလုံးဟာဆွေမျိုးညီအကိုတွေပါပဲ အစဉ်အလာအရ တန်းအရထိုးနေကြရတာပါပဲ အခြေအနေအရ စိန်ခေါ်လာပြီးဆို ကျွန်တော်ဖက်ကလက်ခံရမှာပါပဲ ကျွန်တော့်သက်တမ်းမှာလိမ်ပွဲဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူ စင်အောက်မှာညီအကို စင်ပေါ်မှာပြိုင်ဖက်ကောင်းတွေပါပဲ ပြီးတော့ သူလဲအကောင်းဆုံးပြင်ဆင်ထားမယ်လို့ယုံကြည့်ပါတယ်" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။  

အငယ်တန်းအကောင်းဆုံးဖိုက်တာတစ်ဦးဖြစ်တဲ့ ရွှေရာမာန်ကို အလွယ်တကူအရှုံးပေးမယ့်သူတစ်ယောက်မဟုတ်သလို ညှာတာထိုးသတ်မယ့်သူတစ်ဦးလည်း မဟုတ်ကြောင်း သိရပါတယ်။ ပြိုင်ဘက်ကစားသမားကို အကောင်းဆုံးထိုးသတ်ဖို့ပြင်ဆင်နေပြီး လက်ရှိရရှိထားတဲ့ နေရာတစ်ခုကို အလွယ်တကူမဖယ်ပေးနိုင်ကြောင်းကိုလည်းရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမည့် ထွန်းထွန်းမင်းနဲ့ ရွှေရာမာန်တို့ရဲ့ ပုံရိပ်အချို့နဲ့အတူ ချစ်ပရိသတ်တွေကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - TUN MIN TU N 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။