ကမ္ဘာပေါ်မှာ စွန့်ပစ်အမှိုက်တွေနဲ့ ပတ်သက်လာရင် သက်ရှိတွေကို အန္တရာယ်အပေးနိုင်ဆုံးကတော့ ပလတ်စတစ်ပဲ ဖြစ်ပါတယ်။ မီးရှို့လို့လည်း အဆင်မပြေသလို အလွယ်တကူလည်းစွန့်ပစ်လို့မရတဲ့ ပလတ်စတစ်တွေကို အခုအခါမှာတော့ အကောင်းမွန်ဆုံး နည်းလမ်းနဲ့ ပြန်လည် အသုံးချနိုင်နေပီပဲ ဖြစ်ပါတယ်။ ဒါကတော့ စွန့်ပစ်ပလတ်စတစ်တွေကို ပြန်လည်အသုံးချပြီး ရှုချင်စဖွယ် ဝေလငါးရုပ်တုကြီးကို ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။  

ဒီလို ဝေလငါး ပလတ်စတစ်ရုပ်တုကြီးကို ပြုလုပ်တဲ့အဖွဲ့ဟာ လိုအပ်တဲ့ ပလတ်စတစ်တွေကို ပင်လယ်ထဲမှာ မျောနေတဲ့ ပလတ်စတစ်အမှိုက်တွေကို ဆယ်ယူပြီး အခုလို ရုပ်တုပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။ ဝေလငါးရုပ်တုကြီးရဲ့ အလျားဟာ ၈၄ပေ အကျော်ရှိပြီး အနံကတော့ ၁၃ပေနီးပါးရှိတာကြောင့် ကမ္ဘာ့အကြီးဆုံး ပလတ်စတစ် ရုပ်တုကြီးအဖြစ် ဂရင်းနစ် စံချိန် တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရုပ်တုကို ဒီဇိုင်းရေးဆွဲသူတွေကတော့ Joel Dean Stockdill နဲ့ Yustina Salnikova ဆိုသူတွေတွေပဲ ဖြစ်ပါတယ်။  

ရုပ်တုကိုတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာရှိတဲ့ ပြတိုက်မှာ ပြသထားပြီး လာရောက်လည်ပတ်သူတွေ ကြည့်နိုင်အောင် စီစဉ်ပေးထားပါတယ်။ သဘာပတ်ဝန်းကျင်ထိမ်းသိမ်ူသူတွေကတော့ အခုလို လုပ်ရပ်ကို ချီးကျူးနေကြပြီး ဒါဟာ တစ်ကယ့်ကို ကောင်းမွန်တဲ့ လုပ်ဆောင်မှုတစ်ရပ်လို့ ပြောကြပါတယ်။ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အဆိုအရ ကိုးမိနစ်တိုင်း ဝေလငါးတစ်ကောင်ရဲ့ အလေးချိန် ( ပေါင်၃၀၀၀၀) နီးပါးရှိတဲ့ ပလတ်စတစ်အမှိုက်တွေဟော ပင်လယ်သမုဒ္ဓရာထဲကို စီးဆင်းနေတယ်လို့လည်း သိရပါတယ်။  

Source : UPI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။