ပြီးခဲ့တဲ့ အပတ်တုန်းကဆိုရင် Priyanka Chopra ဟာ ယောကျ်ားဖြစ်သူ Nick Jonas နဲ့အတူ Cannes ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။ ခုချိန်မှာတော့ သူမဟာ UNICEF ရဲ့ သံတမန်တစ်ယောက်အနေနဲ့ အီသီယိုးပီးယားနိုင်ငံရှိ ကျောင်းတစ်ကျောင်းသို့ သွားရောက်ခဲ့ကာ ကျောင်းသားလေးတွေနဲ့တွေ့ခဲ့ပါတယ်။ အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Chopra ဟာကလေးတွေနဲ့တွေ့ခဲ့တော့ ကြည်နူးပျော်ရွှင်နေတဲ့ သူမမျက်နှာပေါ်က အပြုံးဟာလဲ ကလေးတွေ ကျောင်းသားလေးတွေအတွက် အေးချမ်းစေမှာပါ။ 

အဲ့နောက်မှာတော့ သူမဟာ ကလေးတွေကို အဖွဲ့အစည်းရဲ့ logi ပါတဲ့ အဖြူရောင် T-Shirt တွေကိုလှူတန်းခဲ့ပါတယ်။ ကလေးတွေနဲ့တွေ့ခဲ့တဲ့ကျောင်းကတော့ Bambasi မှာရှိတဲ့ Refugee Camp Primary School ပဲဖြစ်ပါတယ်။ " ဒီနေရာမှာ သင်ကြားတဲ့ ဆရာမဟာနည်းပါတယ်....ဆရာမတစ်ယောက်ကို ကလေး ၈၉ယောက်သင်ရတယ်...ဒုတိယတန်းကို သင်တဲ့ ဆရာမကတော့ Hubahiro ပဲဖြစ်ကာ သူမကတော့ ၈တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီး ဒုက္ခသည် ကလေးတစ်ယောက်ပါ....မနက်ပိုင်းတွေမှာ ၁တန်းကနေ ၄တန်းထိ သူသင်ပေးပြီး နေ့ခင်ပိုင်းမှာတော့ သူမရဲ့ ၈တန်းအချိန်ကိုပြန်တက်ပါတယ် " 

" သူမရဲ့အမေလိုပါပဲ...သူမအမေလဲ ဒုက္ခသည်တစ်ယောက်ဖြစ်ပြီး ဆရာမတစ်ယောက်လည်းဖြစ်ကာ လစာက နည်းနည်းပဲရပါတယ်...ပထမဆုံးကျွန်မကလေးတွေကိုမြင်တော့ သူတို့က ကြောက်နေကြပြီ မသိသလိုနေနေကြပါတယ်...ကျွန်မနဲ့သူတို့အဆင်ပြေဖို့ တော်တော်လေး အချိန်ယူလိုက်ရပါတယ်.... ဘာသာပြန်ပေးတဲ့အတွက်ရြေ ကလေးတွေကို ကျွန်မကသူငယ်ချင်းပါလို့ ပြောပေးတဲ့ Hubahiro ကိုကျေးဇူးတင်ပါတယ် " ဆိုပြီး ကျောင်းရောက်တုန်း သူမတွေ့ကြုံခဲ့ရတာကို ပြောပြခဲ့ပါတယ်။ သူမဟာ အီသီယိုးပီးယားနိုင်ငံရဲ့ ပထမဆုံး မိန်းမသမ္မတဖြစ်တဲ့ Sahle-Work Zewde နဲ့လဲတွေ့ခဲ့ပါသေးတယ်။ အဲ့လိုဆင်းရဲတဲ့နိုင်ငံမှာ ပညာကို ရရင်ရသလို သင်ယူကြတဲ့ သူတို့ကိုတော့ လေးစားမိတယ်။

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။