ရော်နယ်ဒိုရဲ့ဂျူဗင်တပ်အသင်းကတော့စီးအီးအေပြိုင်ပွဲမှာ၅ကြိမ်ဆက်တိုက်ဗိုလ်ဆွဲပြီးအောင်မြင်မှုတွေရခဲ့ပါတယ်။ဒီအောင်မြင်မှုတွေမှာတော့ရော်နယ်ဒိုကလည်းအရေးပါတဲ့သွင်းဂိုးတွေနဲ့နိုင်ပွဲတွေယူပေးခဲ့တဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကတော့စီးရီးအေပြိုင်ပွဲအပြီးမှာလည်းအကောင်းဆုံးစကားသမားဆုကိုပါဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ဒီနှစ်ဘောလုံးရာသီမှာစံချိန်သစ်တွေလည်းတင်နိုင်ခဲ့ပါတယ်။သူကတော့ကစားခဲ့တဲ့အင်္ဂလန်၊စပိန်နဲ့အီတလီတို့မှာမတူညီတဲ့အမှတ်ပေးဖလားတွေကိုရယူခဲ့ပြီး၃နိုင်ငံလုံးကအကောင်းဆုံးကစားသမားဆုတွေကိုလည်းသိမ်းပိုက်နိုင်ခဲ့တာပါ။ဒီလိုအောင်မြင်မှုတွေရအောင်နောက်ကွယ်ကနေပံ့ပိုးပေးခဲ့တဲ့သူတွေရှိပါတယ်။

သူတို့ကတော့ချစ်သူဂျော်ရီနာ၊သားလေးဂျူနီယာရော်နယ်ဒိုနဲ့ရော်နယ်ဒိုတို့မိခင်ပဲဖြစ်ပါတယ်။သူတို့ကတော့ဒိုလေးဖလားဆွတ်ခူးတဲ့အချိန်မှာဒိုလေးအနားမှာရှိနေတာပါ။သူတို့မိသားစုလေးဆုဖလားနဲ့တူတူဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ဆုဖလားနဲ့ဂျုနီယာရော်နယ်ဒိုမျက်နှာတို့ထိခိုက်ခဲ့ပါတယ်။ဒါမယ့်ဓာတ်ပုံရိုက်တော့မယ့်အချိန်ဖြစ်တာကြောင့်ရှက်ပြုံးပြံးနဲ့ပဲဖြစ်သွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။