Fighting မင်းသမီးလေး ယဉ်လတ်တစ်ယောက် အကြမ်းလဲရသလို အနုလဲရပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့အပြုံးလေးတွေကြောင့် ပုရိသတို့ရဲ့နှလုံးသားတွေ တဖြုတ် ဖြုတ်ကြွေဆင်းခဲ့ကြတာ အတုန်းအရုံးပါပဲ။ တိုက်မယ်ခိုက်မယ်ဆိုလည်း အဆင်သင့် လက်ရည်သွေးပြီးသား ဖြစ်နေတဲ့ ဖိုက်တင်မင်းသမီးလေးဟာ အရမ်းကိုချစ်စရာကောင်းတဲ့ အပြုအမူတွေဆိုလည်း မြင်သူတိုင်းရဲ့အသည်းတွေကြွေကျမြေခရအောင် လုပ်တတ်သူလေး ပါပဲ။

ယဉ်လတ်သက်ဝေဆိုတဲ့ နာမည်လေးနဲ့လိုက်ဖက်လွန်းအောင် ယဉ်စစလေးလှပ ကျော့မော့နေတဲ့ သူမရဲ့ပုံစံလေးက အသည်းယားစရာပါ။ အိမ်နေရင်းရိုးရိုးပုံစံလေးတောင် ချစ်စရာကောင်းလွန်းတဲ့ သူမလေးဟာ ခပ်ကြမ်းကြမ်းဖိုက်တင်ခန်းတွေမှာဆိုရင်လည်း ကျားရိုင်မလေးလို လူကြမ်းတွေနဲ့အပြိုင် ယှဉ်ပြိုင်သတ်ပုတ်နိုင်တာ အံ့သြစရာပါပဲ။ တကယ်လည်း သူမက အပြင်မှာ တိုက်ကွမ်ဒိုခါးပတ်နက်ရထားတဲ့ သူတစ်ယောက်ပါပဲ။

သူမရဲ့ Facebook My Day မှာ ဂျပန် Anime ဇာတ်ကားထဲက ဂျပန်မလေးတွေရဲ့ အသည်းယားစဖွယ် အသံလေးနဲ့ Video လေးတွေကို တင်ထားတာပဲဖြစ်ပါတယ်။ ကြမ်းတဲ့အချိန်ကြမ်းသလို ချစ်စရာကောင်းတဲ့အချိန်မှာလည်း အသည်းတွေကြွေအောင် လုပ်တတ်လွန်းသူလေး ယဉ်လတ်ရဲ့ Video လေးတွေကို အပြတ်အသတ်ကြွေစေရန် အလို့ငှာ တင်ဆက်ပေးလိုက်တယ်နော်။

Photo - Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။