အပျိုကြီးမိခင်လေးတို့ကတော့ ဘယ်အချိန်ကြည့်ကြည့် လန်းနေတုန်း ဂေါ်နေတုန်းပါပဲ ပရိသတ်ကြီးရေ။ အသက်သုံးဆယ်ကျော်တာ ဟုတ်တောင်ဟုတ်ရဲ့လားလို့မေးယူရမယ့် အနေအထားပါပဲ။ တစ်ကိုယ်တည်းအပျိုကြီးဆိုတော့လည်း အပူပင်ကင်းကင်းနဲ့ လှချင် တိုင်း လှနေနိုင်တာ ထင်ပါရဲ့နော်။ ကိုယ်ပိုင်စီးပွားရေးနဲ့ အဆင်ပြေလည်ပတ်နေပြီး အခုနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကို တဖြည်းဖြည်း ပြန်လည်လုပ်ကိုင် လာပြီပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မတ်မတ်ခင်လေးတို့က ကိုကိုပုရိသတွေကိုပါမက ပျိုပျိုမေတို့ပါ ရင်ခုန်ကြွေကျသွားစေမယ့် အကြည့်စူးစူးတွေနဲ့ စန္ဒီမြင့်လွင်နဲ့ BART Bar မှာ အလန်းစား ပုံရိပ်တွေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အေလေးချိန် အနည်းငယ်တက် လာပြီးနောက်မှာ သူမက လေးလအကြာ Gym ကစားပြီး ကျစ်လျစ်တဲ့ Body ကို ရရှိခဲ့ တာပဲဖြစ်ပါတယ်။ လှချင်တိုင်းလှနေပုံကတော့ အားကျစရာပါပဲနော်။

အတွင်းပိုင်းအပြင်အဆင်အလန်းစားနဲ့ ဆိုင်လေးဆိုတော့ မတ်မတ်ခင်လေးတို့အကြိုက် ပေါ့နော်။ အပြတ်အသတ်တွေလှနေတဲ့ လီဆူမလေး ခင်လေးနွယ်ရဲ့ အမိုက်စား Fashion ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းနဲ့ ညို့အားပြင်းတဲ့အကြည့်တွေအောက်မှာ အားလုံးကျ ရှုံးစေဖို့အတွက် ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။