အာကာသ တယ်လီစကုပ်ဆိုတာ အပြင်ဘက် အာကာသ၌ တပ်ဆင်ထားသော တယ်လီစကုပ်ဖြစ်ပြီး ဝေးကွာသည့်အရပ်မှဂြိုဟ်များ၊ ဂလက်ဆီများနှင့် အခြားသော နက္ခတ္တဆိုင်ရာ အရာဝတ္ထုများကို လေ့လာရန်အတွက် ထားရှိထားတာပဲ ဖြစ်ပါတယ်။ အာကာသ တယ်လီစကုပ်တွေဟာ မြေပြင်အခြေစိုက် တယ်လီစကုပ်များတွင် ကြုံတွေ့ရသော ပြဿနာအတော်များများကို ရှောင်လွဲနိုင်ပြီး အလင်းညစ်ညမ်းခြင်း၊ လျှပ်စစ်သံလိုက် ကြားဖြတ်နှောက်ယှက်ခြင်းစသည်တို့ကို အာကာသ တယ်လီစကုပ်များက မကြုံတွေ့နိုင်ပါဘူး ။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည် ကြိမ်နှုန်းများ၊ အိတ်ဇ်ရေးနှင့် ဂါမာရောင်ခြည်တွေဟာ ကမ္ဘာ့လေထုရဲ့ ပိတ်ဆို့ခြင်းကို ခံရသောကြောင့် အာကာသ၌သာ လေ့လာနိုင်တာပဲ ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်တွင် Lyman Spitzer ဆိုသူက အဆိုပြုခဲ့ပြီး ပထမဆုံး အလုပ်ဖြစ်သော အာကာသ တယ်လီစကုပ်မှာ အမေရိကန်တို့၏ Orbiting Astronomical Observatoryပဲ ဖြစ်ပါတယ်။   

ဒီအထဲမှာမှ အထင်ရှားဆုံး အာကာသ တယ်လီစကုပ်ကတော့ စပိတ်ဇာ အာကာသ တယ်လီစကုပ်ပဲ ဖြစ်ပါတယ်။ စပိတ်ဇာ အာကာသ တယ်လစကုပ်ဟာ အနီအောက်ရောင်ခြည် အာကာသ တယ်လီစကုပ်ဖြစ်ပြီး နာဆာ၏ Great Observatories မှ စတုတ္ထအကြိမ်နှင့် နောက်ဆုံး အစီစဉ်လည်းဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ အလုပ်လုပ်ခဲ့ကာ စီမံကိန်း ကာလမှာ ၂နှစ်ခွဲ ဖြစ်တာကြောင့် ၂၀၀၉ ခုနှစ်တွင် ဟီလီယံ အရည် ကုန်ဆုံးသွားခဲ့ပါတယ်။ ဟီလီယံ အရည် မရှိပါက တယ်လီစကုပ်၏ ပစ္စည်းများကို အပူပေးရန် ပြဿနာရှိသောကြောင့် ယခုလက်ရှိတွင် Spitzer Warm Mission အဖြစ် ဆက်လက် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။  

ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၇၂၀ မီလီယံဖြစ်ပြီး[၁၀] စပိတ်ဇာ အား ၂၀၀၃ ဩဂုတ်လ ၂၅ ရက်တွင် ကိတ်ကာနာဗရယ် လေတပ်စခန်းမှ လွှတ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပင်မမှန်ပြောင်းသည် အချင်း ၈၅ စင်တီမီတာရှိပြီး ဘယ်ရီလီယံသတ္တုဖြင့် ပြုလုပ်ထားကာ ၂၀၀၅ ခုနှစ်တွင် စပိတ်ဇာသည် နေစကြာဝဠာပြင်ပဂြိုဟ်များ၏ အလင်းကို တိုက်ရိုက်ဖမ်းယူသည့် ပထမဆုံး တယ်လီစကုပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင် စပိတ်ဇာသည် TRAPPIST-1 ကြယ်စနစ်ရှိ ဂြိုဟ် ၇ စင်းမှ ၅ စင်းကို ရှာဖွေပေးခဲ့ပြီး ထို ဂြိုဟ်တွေဟာ ကမ္ဘာဂြိုဟ်အရွယ်အစား ဂြိုဟ်များပဲ ဖြစ်ပါတယ်။  

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။