ချစ်ပရိတ်သတ်ကြီးရေ... အနုပညာနယ်ပယ်ထဲမှာတစ်ချိန်က ပရိတ်သတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားခဲ့ပြီးတော့ အောင်မြင်မှုမှတ်တိုင်တွေကိုစိုက်ထူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးပွင့်နဒီမောင်ကို မသိတဲ့သူမရှိပါဘူးနော်။ သူမဟာ အခုအချိန်ထိလည်း ပရိတ်သတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားဆဲပဲဖြစ်ပါတယ်နော်။

လက်ရှိမှာတော့ သူမဟာ ကြော်ငြာတွေရိုက် သီချင်းတွေရိုက်နဲ့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်လာနေတာကိုတွေ့ရပါတယ်နော်။ အမိုက်စား ကောက်ကြောင်းအလှတွေကိုပိုင်ဆိုင်ထားပြီးတော့ နှုတ်ခမ်းထောင့်က မှည့်လေးကလည်း sexyကျပြီး ဆွဲဆောင်မှုအပြည့်ရှိနေတာကြောင့်လည်း ပုရိသပရိတ်သတ်တွေ ရင်ခုန်သံတွေမြန်နေခဲ့ရပါတယ်နော်။သူမဟာ မအားတဲ့ကြားကနေလည်း လည်း ပရဟိတအလုပ်တွေကို လုပ်တတ်တဲ့မင်းသမီးတစ်လက်လည်းဖြစ်ပာသေးတယ်နော်။

အခုတစ်ခါမှာတော့ ပွင့်နဒီမောင်ဟာ အားလပ်ချိန်လေးမှာ သူငယ်ချင်းတစ်ယောက်လိုရော အမတစ်ယောက်လိုပါ သူမအရမ်းချစ်ရတဲ့ မင်းသမီးချောလေး ဆုပန်ထွာတို့နဲ့အတူတူ မိတ်ဆုံစားပွဲလေးလုပ်ခဲ့ပါတယ်နော်။ လူစုံတက်စုံနဲ့မို့ သူမအရမ်းလည်းပျော်ခဲ့ရသလို အမှတ်တရလည်းဖြစ်ခဲ့ပါတယ်နော်။ သူငယ်ချင်းတွေစုံစုံညီညီနဲ့ Hotpotတွေ မုန့်တွေလုပ်စားခဲ့ကြပြီးတော့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ဖန်တီးခဲ့ပါသေးတယ်နော်။ကဲ... ပွင့်နဒီမောင်တို့ရဲ့ မိတ်ဆုံစားပွဲက ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Pwint Nadi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။