ပရိသတ်ကြီးရေ အကယ်ဒမီယွန်းယွန်းကတော့ သူမကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်လာခဲ့သူဖြစ်ပြီး အခုချိန်မှာတော့ ဆယ်ကျော်သက်လှသွေးကြွယ်တဲ့ အရွယ်ကို ရောက်ရှိလာကာ အနုပညာအလုပ်တွေကို လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ယွန်းယွန်းကတော့ လူငယ်ဖြစ်ပေမယ့် အနုပညာအရည်အချင်းကပြောစရာမလိုအောင် အရမ်းကောင်းတာကြောင့် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါသေးတယ်။

ယွန်းယွန်းကတော့ အနုပညာမှာလည်း ပါရမီပါသလို ပညာရေးကိုလည်း မလစ်ဟင်းအောင် ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ယွန်းယွန်းက လူငယ်တစ်ယောက်ဖြစ်တာကြောင့် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်ပြီး သူမရဲ့ ချစ်စရာဟန်ပန်အမူအရာလေးတွေက ပုရိသတွေရဲ့ရင်ကို လှုပ်ရှားစေပါတယ်နော်။ယွန်းယွန်းကိုအားပေးချစ်ခင်တဲ့ ပရိသတ်တွေကလည်း ယနေ့အချိန်ထိအားပေးနေဆဲပါနော်။

ယွန်းယွန်းက ငယ်ငယ်လေးကနေ ယခုချိန်ထိ သူမရဲ့ အရမ်းလှတဲ့ ဆံနွယ်အရှည်ကြီးကိုတော့ တန်ဖိုးထားစွာနဲ့ ဆက်လက်ထိန်းသိမ်းနေဆဲဖြစ်ပါတယ်။ပြုံးလိုက်ရင်လည်း ပါးချိုင့်လေးနှစ်ဖက်နဲ့ အရမ်းချစ်စရာကောင်းတာကြောင့် အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာပါနော်။အခုဆိုရင်တော့ ပရိသတ်ကြီးအတွက် ယွန်းယွန်းရဲ့ လူငယ်ဆန်ဆန် ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။ 

Source:Yoon Yoon IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။