ချစ်စရာကောင်းလွန်းလို့ လတ်တလော ပရိတ်သတ်ကြားမှာအရမ်းရေပန်းစားပြီး ပုရိသပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကိုခံနေရတဲ့မော်ဒယ် သရုပ်ဆောင် မလေး ဟန်နာယူရီကို ပရိတ်သတ်ကြီးတွေလည်းသိမှာပါနော်။ အားလုံးရဲ့အချစ်တော်လေးလည်းဖြစ်သလို အရုပ်မလေးနဲ့ တူတဲ့သူမရဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ကိုရီးယားမလေးလို အရမ်းကိုလှပတဲ့အသားရေလေးကိုပိုင်ဆိုင်ထားသူလေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရတာပါနော်။

လက်ရှိမှာဆိုရင် သူမရဲ့ မဆုပ်မနစ်ကြိုးစားဖန်တီးမှုတွေကြောင့် အနုပညာနယ်ပယ်လေးထဲမှာလည်း အခြေအတော်လေးကျနေပြီဖြစ်ပြီး နာမည်လေးလည်းရလာကာ စီနီယာအနုပညာသမားတွေရဲ့ နေရာပေးခြင်းကိုလည်းခံနေခဲ့ရပါတယ်နော်။ တခြား Professional တစ်ခုဖြစ်တဲ့ မိတ်ကပ်ပိုင်းမှာလည်း အရမ်းကိုထူးချွန်တဲ့ မိတ်ကပ်ပညာရှင်လေးတစ်ယောက်လည်းဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြု အားပေးခြင်းကိုခံနေခဲ့ရပါတယ်နော်။

သူမဟာလတ်တလောမှာတော့ ကြော်ငြာလေးတွေရိုက်ဖြစ်နေပြီးတော့ Vlogလေးတွေကိုလည်းရိုက်ပြီး သူမရဲ့ လူမှုစာမျက်နှာပေါ်မှာတင်ဖြစ်နေတာကိုတွေ့ရပါတယ်နော်။ကဲ... ဒီလိုအလုပ်တွေကြိုးစားနေတဲ့ ဟန်နာယူရီလေးကိုတော့ အခုတစ်ခါမှာချစ်ဖို့ကောင်းတဲ့ ကိုရီးယားဆန်ဆန်ဖက်ရှင်လေးနဲ့ထပ်မံတွေ့ရပြန်ပါပြီနော်။ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းလွန်းတာကြောင့် ပုရိသပရိတ်သတ်တွေအရူးအမူးဖြစ်တာတော့မဆန်းပါဘူးနော်။ကဲ... သူမရဲ့ အကြွေတစ်လိုင်းပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source  : Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။