ချယ်လ်ဆီးအသင်းကတော့ရာသီအသစ်အတွက်အစောဆုံးအနေနဲ့ပူလီဆစ်ကိုအသင်းကိုပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာပူလီဆစ်ကိုဇန်နဝါရီအပြောင်းအရွေ့ထဲကခေါ်ယူထားတာဖြစ်ပြီးရာသီကုန်အထိဒေါ့မွန်အသင်းကိုပြန်လည်အငှားချထားခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာဒီနှစ်ဘောလုံးရာသီမှာရလဒ်တွေဆိုးရွားနေပေမယ့်ရာသီကုန်မှာတော့အဆင့်၃နေရာမှာရပ်တည်နိုင်ပြီးချန်ပီယံလိဒ်ဝင်ခွင့်တစ်နေရာကိုရအောင်စွမ်းဆောင်နိုင်ခဲ့တာပါ။ရလဒ်တွေဆိုးရွားပေမယ့်လည်းယူရိုပါလိဒ်မှာလည်းဖိုင်နယ်ထိရောက်နေတာဖြစ်ပြီးချန်ပီယံအဖြစ်အောင်ပွဲခံဖို့လက်တစ်ကမ်းသာလိုတော့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ဟာဇက်ကတော့ရီးရဲအသင်းကိုပြောင်းရွေုဖို့သတင်းတွေထွက်နေတာဖြစ်တာကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ကစားသမားကောင်းတွေကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။ခုမှာလည်းပူလီဆစ်ချယ်လ်ဆီးအသင်းကိုပြန်ရောက်လာတာကတော့ဝမ်းသာစရာပဲဖြစ်ပါတယ်။ပူလီဆစ်ကတော့ဒေါ့မွန်အသင်းမှာခြေစွမ်းပြပြီးမရှိမဖြစ်ကစားသမားတစ်ဦးဖြစ်တာကြောင့်ချယ်လ်ဆီးအသင်းမှာလည်းဘယ်လိုခြေစွမ်းတွေပြနိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Chelsea Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။