ချစ်စရာကောင်းတဲ့ မိသားစုလေးအဖြစ် ချစ်သက်တို့မိသားစုကို အားလုံးအားပေးကြတယ်…ဟုတ်..
အခု ချစ်သက်သားလေး…အားချစ် မွေးနေ့အပျော်လေး ကူးစေဖို့ တင်ပြလိုက်တယ်နော်…
သရုပ်ဆောင် သက်မွန်မြင့် ရဲ့ သားလေး အားချစ် (ခေါ်) မောင်အောင်ခေတ် ရဲ့ အသက် (၂) နှစ်ပြည့်မွေးနေ့ ညစာစားပွဲကို ဧပြီလ (၁၂) ရက်နေ့ ညပိုင်းက ရန်ကုန်၊Uncle.MC Restaurants မှာ ပြုလုပ်ခဲ့တာပါ။
သက်မွန်မြင့်က မြန်မာနိုင်ငံမှ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးပါ ။
သူမကို ၁၉၈၂-ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့တွင် အဖ ဦးမြင့်ဦးနှင့် အမိ ဒေါ်မြိုင်တို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မွေးဖွားခဲ့တယ်လို့သိရပါတယ်။ အမည်ရင်းက ဇုန်ကျဲမွေးဖြစ်ပြီး ချင်းတိုင်းရင်းသူပါ။ ပညာအရည်အချင်းကတော့ ဘီအေဘွဲ့ ရရှိထားပါတယ်။သက်မွန်မြင့်က၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်မှာ စစ်နိုင်နှင့် လက်ထပ်ခဲ့တာပါ။
Source: သက်မွန်မြင့် ဖေ့ဘွတ်
AYK
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။