အရှေ့တောင်အာရှတွင်သာမက အနောက်ဥရောပနိုင်ငံတွေမှာပါ ထင်ရှားလာတဲ့ ဗုဒ္ဓဘာသာနေ့ထူး နေ့မြတ်ပွဲတွေကို ပြည်ပနိုင်ငံတွေမှာလည်း နှစ်စဉ်ကျင်ပပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ နိုင်ငံတွေထဲမှာ ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကတော့ မကြာသေးမီက ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနားပွဲကို စည်စည်ကားကားကျင်းပပြုလုပ်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ပြုလုပ်မှုပွဲကို ဗီယက်နမ်မှာသာမက တောင်ကိုရီးယားနိုင်ငံ တရုတ်နိုင်ငံ မြန်မာနိုင်ငံနဲ့ အခြား ဥရောပနိုင်ငံအချို့မှာလည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ ဗုဒ္ဓနေ့ ပူဇော်ပွဲအခမ်းအနားကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်များစွာလာရောက်ကြပြီး ပူဇော်ပွဲအခမ်းအနားတွေနဲ့အတူ အခြားအခြားသော ဖျော်ဖြေမှုတွေနဲ့ မြို့ပတ်ကာ စည်စည်ကားကားကျင်းပခဲ့တာတွေ့ရပါတယ်။  

ဗုဒ္ဓဘာသာဝင်များစွာတက်ရောက်ခဲ့တဲ့ အချို့ပွဲပုံရိပ်တွေကတော့ ပြည်တွင်း ဗုဒ္ဓဘာသာဝင်တိုင်းကို ကြည်ညိုစေနိုင်ပြီး ပြည်တွင်း ပြုလုပ်မှုတွေနဲ့ပုံစံတူပြုလုပ်ကြတာပဲဖြစ်ပါတယ်။ လေးစားစရာကောင်းလောက်အောင် ဗီယက်နမ်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ ဗုဒ္ဓနေ့ပူဇော်ပွဲပုံရိပ်အချို့ကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - the land of Buddha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။