အဆိုတော် အာဘွိုင်းနဲ့ သရုပ်ဆောင် မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကတော့ ရှေ့သွားနောက်လိုက်ညီပြီး အရမ်းကို လိုက်ဖက်တင့်တယ်လွန်းတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ သူတို့မိသားစုလေးကိုတော့ ပရိသတ်တွေအားလုံးက အားကျချစ်ခင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့စုံတွဲလေးက စိတ်တူကိုယ်တူနဲ့ ခရီးတွေ မကြာခဏ ထွက်လေ့ရှိကြတာလည်း ဖြစ်ပါတယ်။

အခုလက်ရှိမှာလည်း အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့စုံတွဲလေးက ထိုင်းနိုင်ငံရှိ ဖူးခက်မြို့လေးကို အလည်အပတ်ရောက်ရှိနေကြတာ တွေ့ရပါတယ်။ ဒီတစ်ခေါက်ခရီးစဉ်မှာတော့ သူတို့ဇနီးမောင်နှံက အေးချမ်းဆိတ်ငြိမ်ပြီး သဘာဝအလှတွေကို တစ်ဝကြီးရှုစားနိုင်မယ့် "Keemala" ဆိုတဲ့နေရာလေးကို သွားရောက်ခဲ့ပါတယ်။ တောအုပ်လေးထဲမှာ တည်ဆောက်ထားပြီး အရမ်းကို သာယာလှပတဲ့နေရာလေးမှာ သူတို့ဇနီးမောင်နှံက လွတ်လွတ်လပ်လပ် အနားယူ အပန်းဖြေနေကြတာ ဖြစ်ပါတယ်။

အခုလည်း မြတ်ရတနာကျော်က " သဘာဝပတ်ဝန်းကျင်ကို ခပ်မိုက်မိုက်ခံစားပီး တကယ့်တောအုပ်ကလေးထဲမှာ ကျေးငှက်သံလေးတွေနားထောင်ပီး အပန်းဖြေသွားနေချင်တယ့်သူတွေအတွက် အရမ်း အေးဆေးပီး အရမ်းကိုကြိုက်ရတယ့် နေရာလေး " ဆိုပြီး ပုံလေးတွေကို တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ပွန်းနဲ့အတူ ပျော်ရွှင်ကြည်နူးစွာ အပန်းဖြေနေတဲ့ မြတ်ရတနာကျော်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myat Yadanar Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။