တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အခုချိန်အထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီကိုသိကြမယ်ထင်ပါတယ်နော်..။ ချစ်ခင်ပွန်းနဲ့အတူ သိဒ္ဓိစစ်ဆိုတဲ့ သားလေးကို ယဉ်ကျေးလိမ္မာအောင် ပြုစုပျိုးထောင်ပေးနေပြီး ၊ နည်းစနစ်ကျစွာ အလိုလိုက်ချစ်ခင်တာပဲဖြစ်ပါတယ်...။ မယ်လိုဒီဟာ အရွယ်တင်နုပျိုနေပြီး တတိုင်းပြည်လုံးရှိ အမျိုးသားပရိသတ်တွေသာမက၊ အမျိုးသမီးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာကိုမြင်တွေ့ရမှာပါ..။

မယ်လိုဒီဟာ အနုပညာလုပ်ငန်းတွေကို ခေတ္တရပ်နားထားပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်..။ ချစ်ခင်ပွန်းဟာဆိုရင်လည်း ဇနီးဖြစ်သူ မယ်လိုဒီကို အရိပ်အောက်က ပျောက်မခံနိုင်အောင် အလိုလိုက်ချစ်ခင်တာဖြစ်ပြီး အပန်းဖြေခရီးတွေကိုလည်း လိုက်ပို့လေ့ရှိတာဖြစ်ပါတယ်..။ အနုပညာ နယ်ပယ်မှာ အောင်မြင်မှုများစွာ ပိုင်ဆိုင်ရရှိထားတဲ့ မယ်လိုဒီဟာဆိုရင် သာယာအေးချမ်းတဲ့ မိသားစုဘဝလေးဖြစ်အောင် ၅၂၈ မေတ္တာနဲ့ ပြုစုစောင့်ရှောက်ပျိုးထောင်ပေးနေတာကို မုဒိတာပွားဖွယ်မြင်တွေ့ကြရမှာပါ...။

မယ်လိုဒီဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ချစ်ဖို့ကောင်းတဲ့ တစ်ဦးတည်းသော သားလေးနဲ့အတူ selfie ပုံရိပ်လေးတွေရိုက်ကူးခဲ့တာကို "ရွှေရင်အေးပါစေ" ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official acc တွင်ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။