ပြည်တွင်း မျက်စိရောဂါဝေဒနာရှင်များစွာရှိနေပြီး အခမဲ့ကုသပေးလျှက်ရှိတဲ့ ဆေးခန်းတွေလည်း အတော်များများဖွင့်လှစ်ပေးလျှက်ရှိတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့သီတဂူစက္ခုဒါနဆေးရုံတွင်မျက်စိဝေဒနာရှင်များအား မေ ၁၉ ရက်မှ ၂၁ ရက်နေ့အထိအခမဲ့ခွဲစိတ်ကုပေးခဲ့ကြောင်းသိရပါတယ်။  

၎င်းမျက်စိဝေဒနာရှင်များအားခွဲစိတ်ကုသပေးရာတွင်ကျွန်းလှ၊ကန့်ဘလူ၊ကောလင်း၊တန့်ဆည်၊ ပင်လည်ဘူး၊ဝက်လက်၊ဇီးကုန်း၊ခင်ဦး၊ရေဦး၊ဝန်းသို၊ဖောင်းပြင်၊မိတ္တီလာမြို့နယ်များကမျက်စိဝေဒနာရှင် ၈၃၇ ဦးအားစပ်သပ်စစ်ဆေးပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ အဆိုပါကုသပေးခဲ့တဲ့မျက်စိဝေဒနာရှင်များအနက် ၁၆၇ ဦးကိုစစ်ကိုင်းမြို့သီတဂူဆေးရုံမျက်စိအထူးကုဆရာဝန်ကြီးများအဖွဲ့ကအောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ကြောင်းသီတဂူသတင်းပြန်ကြားရေးဌာနမှသိရပါတယ်။ 

အဆိုပါမျက်စိခွဲစိတ်ကုသခြင်းကိုသီတဂူဗုဒ္ဓတက္ကသိုလ်အဓိပတိကျေးဇူးတော်ရှင်သီတဂူဆရာတော် ဘုရားကြီးဩဝါဒလမ်းညွှန်မှုဖြင့်အလှူရှင်များစုပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ၎င်းအလှူရှင်တွေထဲမှာ စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင်IBECဆရာတော်ဘဒ္ဒန္တသောဘိတစီမံဆောင်ရွက်ပြီးဌာနဆိုင်ရာများ၊မြို့အကျိုးဆောင်အဖွဲ့များ၊ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ ဒါယကာ ဒါယိကာမများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများဖြင့်ပူးပေါင်းပြီးနှစ်စဉ်မျက်စိဝေဒနာရှင်များအားစမ်းသပ်ခွဲ စိတ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

source - the Mirror daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။