ပရိသတ်ကြီးရေ.. ဘေဘီမောင်လို့ဆိုလိုက်တာနဲ့ သရုပ်ဆောင်ပီပြင်မှုတွေအပြင် ညို့အားပြင်းပြီး အချိုးအစားကျတဲ့ အမိုက်စား ခန္ဓာကောက်ကြောင်းအလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကို မြင်မိမှာပါနော်..။

အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး အဆိုတော်ချောလေး သားဂန်းနဲ့အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလေးလည်း ဖြစ်ပါတယ်နော်..။


ပရိသတ်တွေရဲ့ အချစ်တော်လေး ဘေဘီမောင်ကတော့ ခရီးတွေ ဆက်တိုက်ထွက်ရှိနေတာဖြစ်ပြီး လတ်တလောမှာလည်း ဖားချောင်းအင်းကမ်းခြေကို ရောက်ရှိနေတာ တွေ့ရပါတယ်နော်..။

ခရီးသွားအမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲပြန်လည်မျှဝေလေ့ရှိပြီး “ဘဝဆိုတာ အေးချမ်းတဲ့ ဘဝလေး ပိုင်ဆိုင်ထားလည်း

ပူပင်သောကတွေ ရောက်လာတတ်တာပါပဲ

ဖြစ်ခြင်း ပျက်ခြင်း တရားသဘောလေးတော့ သိထားမှရမယ်လေ..” ဆိုပြီး ရေးသားမျှဝေထားပြိး ဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ပုံရိပ်လေေးတွကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။


မြန်မာဝတ်စုံလေးတွေနဲ့ အမြဲလိုက်ဖက်ညီလွန်းတဲ့ ဘေဘီမောင်ကတော့ အခုတစ်ခါမှာလည်း အစိမ်းရောင်မြန်မာဝတ်စုံလေးကို အချိုးအစားကျကျလေး ဝတ်ဆင်ဓာတ်ဖမ်းထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ မြင်သူတကာ အမြင်အေးစေပါတယ်နော်..။

ဘေဘီမောင်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ခရီးတွေ မိသားစုတွေနဲ့အတူ ခရီးတွေ ထွက်ရှိနေတာဖြစ်ပြီး သူမရဲ့ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အလွမ်းပြေလေး အမြဲမျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

Photo - ဘေဘီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။