နယ်လှည့်ဖျော်ဖြေမှုတွေကို ဆက်တိုက်လက်ခံနေရတဲ့ဖြူဖြူထွေး ဟာဆိုရင် အခုတစ်ခါမှာဆိုရင်လည်း ပေါက်မြို့နယ်သို့ သွားရောက်ဖျော်ဖြေမှာပဲဖြစ်ပါတယ်...။ သူမဟာဆိုရင် အကဗီဒီယိုဖိုင်လေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်နာမည်ကြီးလူကြိုက်များခဲ့ပြီး ဝေဖန်တိုက်ခိုက်မှု များစွာလည်းရှိခဲ့ပါတယ်..။ ဖြူဖြူထွေးဟာဆိုရင် လောကဓံကို အလျှော့မပေးပဲ ကြံ့ကြံ့ခံကာ ပရိသတ်တွေရဲ့ အချစ်တွေကို ရအောင်ယူခဲ့တာဖြစ်ပါတယ်...။ မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းကို ကျက်သရေရှိလှပနေတာကို ရှုစားကြရမှာပါ..။


ပရဟိတ လုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်လေ့ရှိတဲ့ ဖြူဖြူထွေးဟာဆိုရင် ရွှေ၊ငွေ၊ ဥစ္စာတွေကိုလည်း မမက်မောပဲ ဘဝကို ရိုးသားကြိုစားစွာ ဖြတ်သန်းနေတာဖြစ်တာမလို့ သူမကို ကြည့်လိုက်ပြီဆိုလျှင် အမြဲကိုအေးချမ်းနေတာဖြစ်ပါတယ်...။ မိဘအပေါ်မှာလည်း သိတတ်လိမ္မာပြီး ရိုသေကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်..။ အဆိုအက ဝါသနာပါတဲ့ ဖြူဖြူထွေးဟာဆိုရင် ပရိသတ်တွေ ကြည့်ရှုခံစားကြရအောင် tik tok ဗီဒီယိုဖိုင်အမိုက်စားလေးတွေကို တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။

ဖြူဖြူထွေးဟာဆိုရင် ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း မြင်သူတိုင်းရင်မှာ အေးချမ်းသွားစေအောင် မြန်မာဝတ်စုံလေးနဲ့ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို "ပေါက်မြို့နယ် သရက်ကန်ကျေးရွာ မင်္ဂလာဆောင်မှာ ဒီနေ့ည ဖျော်ဖြေပါ့မယ်ရှင့်" ဆိုတဲ့ stauts လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားကြရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Phyu Phyu Htwe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။