လှပကျော့ရှင်းတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် ပုရိသတွေရဲ့တစ်ခဲနက်ဝန်းရံခြင်းကိုခံနေရသူလေးကတော့ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားခေတ်မှယနေ့အချိန်ထိအနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာနဲ့ရပ်တည်နေတဲ့ ထိပ်တန်းမင်းသမီးလေးပါ။ နောက်ပိုင်းမှာလည်း Sexy ကျကျအမိုက်စားဖက်ရှင်တွေကြောင့်လည်း ပိုပြီးရေပန်းစားလာတာပါ။ 

ပွဲအခမ်းအနားများတွင်လည်း သူမရဲ့အမိုက်စားဖက်ရှင်များဟာ ပုရိသတွေကိုဆွဲငင်ဖမ်းစားရလောက်အောင် လှလွန်းနေတာပါ။ သူမကိုမြန်မာနိုင်ငံတွင်သာမကပဲ အိမ်နီးချင်းနိုင်ငံများရဲ့ ပွဲအခမ်းအနားများတွင်ပါဖိတ်ကြားခြင်းခံရသူပါ။ လတ်တလောမှာလည်း ခရီးတွေဆက်တိုက်ထွက်နေရသူပါ။

သင်ဇာဟာ စင်ကာပူနိုင်ငံမှပြန်ရောက်ရောက်ချင်းမှာပဲ စိတ်ရှုပ်စရာတစ်ခုကိုကြုံတွေ့ခဲ့ရတာပါ။ လူတစ်ချို့က သူမရဲ့ချစ်သူကို instagram လူမှုကွန်ယက်မှတစ်ဆင့်မဟုတ်မမှန်တဲ့စကားတွေနဲ့သွေးထိုးခဲ့တာပါ။ သင်ဇာဟာ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း “ မြန်မာနိုင်ငံကတစ်ချို့သူတွေရဲ့ စိတ်ဓာတ်ကလေးတွေပါ ” ဆိုပြီး သူမချစ်သူပို့ပေးတဲ့screenshoots တွေနဲ့အတူတင်ထားတာပါ။ ဒီကိစ္စနဲ့ပက်သက်ပြီးတော့လည်း သူမရဲ့ပို့စ်အောက်မှာ ပရိသတ်များကမခံမရပ်နိုင်ဖြစ်ကာ သင်ဇာဘက်ကရပ်တည်နေကြတာပဲ ဖြစ်ပါတယ်။

Photo- Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။