ပရိသတ်ကြီးရေ ဘယ်အချိန်ကြည့်ကြည့် အမြဲစတိုင်ကျလှပနေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့သူတစ်ယောက်ပါနော်။ဝတ်မှုံရွှေရည်က သူမဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်ခဲ့ပြီး အရမ်းလှတဲ့ တိုင်းရင်းသူမလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက သတိထားမိလာတာဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ ဖြူဖွေးနုဖတ်နေတဲ့ အသားအရည်နဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးက ဖက်ရှင်တိုင်းနဲ့ လိုက်ဖက်ညီတာကိုတွေ့ရပါတယ်နော်။ဝတ်မှုံရွှေရည်ကတော့ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး ပရိသတ်တွေရဲ့ အချစ်များစွာကို ခံယူနေဆဲဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ကတော့ အသက်၃၀အရွယ်ကို ရောက်ရှိလာပေမယ့် ပျိုမျစ်နုငယ်မှုတွေက ဆယ်ကျော်သက်အရွယ်လေးလိုပါပဲနော်။

ဝတ်မှုံရွှေရည်က မကြာသေးတဲ့ရက်ကမှ ကျင်းပခဲ့တဲ့ မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲလေးကို တက်ရောက်ခဲ့ပြီး အနုပညာရှင်မောင်နှမတွေနဲ့ အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့တာကိုတွေ့ရပါတယ်နော်။ဝတ်မှုံရွှေရည်ကတော့ အကုန်လုံးနဲ့ဖော်ရွေစွာဆက်ဆံရင်း အရမ်းချစ်စရာကောင်းနေပါတယ်။ဝတ်မှုံရွှေရည်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။