ပရိသတ်ကြီးရေ....တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုလောကရဲ့ နာမည်ကြီးလူကြိုက်များသော ရုပ်ရှင်မင်းသမီးဖြစ်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ အောင်မြင်မှုများစွာကိုပိုင်ဆိုင်ထားတာပါနော်...။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ဖြူဝင်းလှပတဲ့ အသားအရေကို ပိုင်ဆိုင်ထားတာပါနော်...။ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦး၊ ကျော်ကျော်တို့ သူငယ်ချင်းသုံးယောက်ဟာဆိုရင် အကျင့်တူဝါသနာတူတွေဖြစ်ပြီး "N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" ဆိုတဲ့ bff gp လေးကိုလည်း ထောင်ထားပါသေးတယ်နော်....။

ဆုမြတ်နိုးဦးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေနဲ့၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း ရိုက်ကူးလေ့ရှိပြီး သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ...။ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးလာပြီး တစ်နေ့ပြီး တစ်နေ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်လာတာဖြစ်ပါတယ်...။ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ဟာဆိုရင် အတူသွား၊ အတူလာ အမြဲရှိကြပြီး ဆေးဗီဒီယို၊ ဆေးပုံလေးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အမြဲစနောက်လေ့ရှိတာဖြစ်ပါတယ်...။

ဆုမြတ်နိုးဦးဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း နှင်းဆီပန်းကို ချစ်မြတ်နိုးတဲ့ သူမဟာဆိုရင် နှင်းဆီပန်းလေးကို ပမာနှိုင်းကာ ချိုသာတဲ့စကားလေးတစ်ခွန်းကို "နှင်းဆီပန်းတပွင့်ပါပဲ အဆိုးဘက်အာရုံပြုသူက ဆူးကိုမြင်တယ် ...အကောင်းဘက်အာရုံပြုသူကဆူးပေါ်က ပန်းကိုမြင်တယ်" အခုလိုပဲဆိုထားပါသေးတယ်..။ Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Hsu Myat Noe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။