ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး နေခြည်ဦးကတော့ လက်ရှိမှာ "အခမ်းနားဆုံး မေတ္တာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသားချော နေတိုးနဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာရပြီး ပွဲအခမ်းအနားတွေလည်း မနားတမ်းတက်ရောက်နေရတဲ့ နေခြည်ဦးက အခုတော့ အလုပ်ပင်ပန်းတဲ့ဒဏ်တွေနဲ့ ရာသီဥတုဒဏ်တွေကြောင့် အိပ်ယာထဲကနေ မထနိုင်တဲ့အထိ ဖျားနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် နေခြည်ဦးက မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ "ဧည့်သည်" ဇာတ်ကား Press Show ပွဲကို မတက်ရောက်နိုင်ခဲ့ကြောင်း ပရိသတ်တွေကို ရှင်းလင်းပြောပြခဲ့ပါတယ်။ အင်းလေးမှာ ရုပ်ရှင်သွားရိုက်ရင်း ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာခဲ့ရတဲ့ နေခြည်ဦးကို သူမရဲ့ချစ်သူကလည်း သေသေချာချာ ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ချစ်သူ အောင်နွေဦးက "ကြက်ပေါင်းနဲ့ ဆန်ပြုတ်ပို့ခိုင်းထားတယ်။ အစာစားပြီးမှ ဆေးသောက်ဦး။ I’m worried... get well soon " ဆိုပြီး ချစ်သူလေးကို ဂရုတစိုက်နဲ့ အားပေးထားတာ တွေ့ရပါတယ်။

ချီချီတစ်ယောက် အိပ်ယာထဲက မထနိုင်တဲ့အထိ ဖျားနာနေချိန်မှာ ချစ်သူရဲ့အလိုက်တသိ ဂရုစိုက်ပေးမှုတွေကလည်း တကယ့်ကိုအားဆေးတစ်ခွက် ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ အောင်နွေဦးကတော့ "Get well soon Nay Chi" ဆိုပြီး သူရဲ့ Facebook စာမျက်နှာမှာလည်း ရေးသားဖော်ပြထားတာ တွ့ရပါတယ်။ ကဲ ချီချီကိုချစ်ကြတဲ့ Chillies တွေအားလုံးလည်း နေခြည်ဦးတစ်ယောက် အမြန်ဆုံးနေကောင်းဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source: Nay Chi Oo & Aung Nway Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။