ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးများထဲတွင် ဆုပန်ထွာတစ်ယောက်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာတင်ထူးချွန်တာမဟုတ်ပဲ အဆိုပိုင်းမှာလည်း ပါရမီရှိတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းသည်နှင့်သားလေး Roar Roar လေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ 

အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပင်မဲ့လည်း မိသားစုကိုလညိးအပြည့်အ၀ အချိန်ပေးနေတာလည်း ဖြစ်ပါတယ်။ သူမဟာ ပရိတ်သတ်တွေအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်အပြင် အသံပါကောင်းသော သူမဟာ နယ်ပွဲတွေလည်း အချိန်ရရင် ရသလိုသွားရောက်ဖျော်ဖြေလေ့ရှိပါတယ်။ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာများလည်းရိုက်ကူးထားပါတယ်လို့လည်းသိရပါတယ်။ သူမရဲ့သားလေး Roar Roar လေးဟာလည်း ပရိတ်သတ်တွေကိုချစ်ခြင်းကိုရရှိထားတဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်လေးပဲ ဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာလည်း " သေလောက်အောင် ချစ်တယ် " ဆိုတဲ့ တေးစီးရီးအသစ်လေးထွက်ရှိထားတာလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူမရဲ့သားလေးကတော့ အခုထွက်ရှိထားတဲ့အခွေထဲက " ဇွတ်ချစ်မယ် " ဆိုတဲ့သီချင်းလေးထဲကကကွက်တွေအတိုင်းမေမေကိုကပြနေတာပါ။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာလည်း "ကဲ......ကိုယ့်ရဲ့အမာခံပရိတ်သတ်။

ဇွတ်ချစ်မယ်ပဲတစ်ချိန်လုံးဖွင့်ခိုင်းတယ်။ တချိန်လုံးကတယ်။ ဆော်လေးတေကတာလေ၊ Roar Roar ကပြမယ် ဒမာကြည့်...ဆိုတာချည်းပဲ! အကွက်တေသူအကုန်မှတ်မိတယ်... " ဆိုပြီးသူမရဲ့သားလေးရဲ့ ဗီဒီယိုလေးကိုတင်ထားတာပဲ ဖြစ်ပြီး ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။