မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ပြည်တွင်းမီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးအတွက်ပြင်ဆင်မှုတွေနဲ့အတူ လေ့ကျင့်သင်ကြားမှုတွေကိုလည်း အဆက်မပျက်ပြုလုပ်ပေးလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြုလုပ်ချက်တွေထဲမှာ မျိုးဆက်သစ်မီးသတ်လူငယ်များမွေးမြူခြင်း မီးသတ်ပစ္စည်းများ ထောက်ပံ့ခြင်းတွေနဲ့အတူ အသုံးပြုပုံ၊ အသုံးပြုနည်းတွေကိုပါ လေ့ကျင့်ပေးလျှက်ရှိတာတွေ့ရပါတယ်။  

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဝယ်ယူပြီး ကျေးရွာများသို့ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါ မီးစက်များကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ စမ်းသပ်သရုပ်ပြခြင်းကို မေလ ၂၂ ရက်နေ့ မနေ့က နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

မီးဘေးကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရန်အတွက် လွှတ်တော်ရန်ပုံငွေများဖြင့် ကျေးရွာအုပ်စု (၁)အုပ်စုလျှင် မီးသတ်စက် (၁) လုံး ထောက်ပံ့ပေးလျက်ရှိပြီး အဆိုပါမီးစက်များကို အသုံးပြုမည့် ကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်စေရန်အတွက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ဒါအပြင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် သင်တန်းများ (မွမ်းမံ) ဖွင့်လှစ်သင်ကြားပို့ချပြီး မီးသတ်စက် အသုံးပြုနည်းကိုလည်း လက်တွေ့သရုပ်ဖော်ပြသ ပေးခဲ့ကြောင်း သိရပါတယ်။

photos - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။