ဟာသသရုပ်ဆောင် ဖြူဖြူထွေးကတော့ Online ပေါ်မှာ ဟာသနဲ့ အကဗီဒီယိုလေးတွေ တင်လေ့ရှိရာမှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိလာခဲ့သူ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးက ပညာပေးဇာတ်လမ်းတိုလေးတွေနဲ့ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ ဟာသဗီဒီယိုလေးတွေကို မကြာခဏ တင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ဝေဖန်တိုက်ခိုက်မှုတွေကြားက အောင်မြင်မှုများစွာကို ဆွတ်ခူးရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အခုလည်း ဖြူဖြူထွေးက " Myanmar Influencer Awards 2018 " ဆုပေးပွဲကြီးမှာ ဆန်ကာတင် (၅) ယောက်စာရင်းဝင်ခဲ့ပြီး နောက်ဆုံးမှာတော့ "Celebrity Influencer Award Winner " ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ဒီဆုပေးပွဲလေးကတော့ ၂၀၁၈ တစ်နှစ်လုံးအတွက် ကဏ္ဍအသီးသီးမှာ အကြောင်းအရာအစုံအလင်ကို ဖန်တီးခဲ့ကြတဲ့ Influencer တွေကို ဆုချီးမြှင့်ပေးတဲ့ ပွဲအခမ်းအနားလေးပဲ ဖြစ်ပါတယ်။

"Celebrity Influencer Award Winner " ဆုကြီးကို ရရှိခဲ့တဲ့ ဖြူဖြူထွေးကတော့ ဒီပွဲလေးကို မတက်ရောက်နိုင်ခဲ့ပေမယ့် သူမရဲ့ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေးနဲ့အတူ အမှတ်တရ စကားပြောကြားခဲ့ပါတယ်။ ပရိသတ်တွေရဲ့စကားကို တန်ဖိုးထားနားထောင်ပြီး အကောင်းဆုံးတွေကို ချပြနိုင်ခဲ့တာကြောင့် သူမအနေနဲ့ ဒီဆုလေးကို ရရှိခဲ့တဲ့အတွက် ဝမ်းသာမိကြောင်း ပြောကြားခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဆုရရှိခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe & Zin Mar Wann;

credit;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။