ပရိသတ်တွေရဲ့အချစ်တွေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ မကြာခင်မှာပဲ ရင်သွေးလေး မွေးဖွားတော့မှာ ဖြစ်ပါတယ်နော်..။

အမိုက်စား သီချင်းကောင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားပြီး ချစ်ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ မကြာခင်မှာတော့ သမီးဦးလေးကို မွေးဖွားပြီး ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်တော့မှာပါနော်..။


ဒီဒီးတစ်ယောက် လက်ရှိမှာ သမီးလေးရဲ့ ကိုယ်ဝန်လွယ်ထားရချိန် အားလုံးက ဂရုတစိုက်နဲ့ ဖေးမရင်း အားပေးစောင့်ကြည့်နေကြသလို စိုးမြတ်နန္ဒာကလည်း တူမလေးအတွက် အခုကတည်းက လက်ဆောင်လေးတွေ ဝယ်ပေးထားကြတာ တွေ့ရပါတယ်..။

မမွေးသေးတဲ့ ချစ်တူမလေးအတွက် အခုကတည်းက အင်္ကျီလှလှလေးတွေကို ဝယ်ပေးထားကြတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ အင်္ကျီပုံလေးတွေကိုလည်း ဒီးဒီက ကျေးဇူးတင်စကားလေးနဲ့အတူ ပြန်လည်မျှဝေထားပါသေးတယ်..။


“မမဒါဝယ်လာတဲ့ Treasure လေးအတွက်အင်္ကျီလေးတွေအရမ်းလှ အာဘွားမမဒါ

မကြီးရှေ့တစ်ခေါက်ဝယ်လာတာလဲပါတယ် များကြီးပဲ..” ဆိုပြီးတော့ ကျေးဇူးတင်စကားလေးနဲ့အတူ အင်္ကျီပုံလေးတွေကိုပါ မျှဝေထားတာပဲ ဖြစ်ပါတယ်..။

မမွေးခင်ကတည်းက အားလုံးက ချစ်နေရပြီဖြစ်တဲ့ ဒီဒီးရဲ့ မီးမီးလေးကိုလည်း မိသားစုတွေနဲ့ ပရိသတ်တွေကလည်း အရမ်းတွေ့မြင်ချင်နေပါပြီနော်..။

Photo - စန္ဒီမြင့်လွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။