သုတ်ကောင် (sperm) သည် အဖို မျိုးပွားဆဲလ် ဖြစ်ပြီး Anisogamy နှင့် oogamy ခေါ် လိင်ရှိ မျိုးပွားခြင်းတွင် ဂမိ ခေါ် အမ မျိုးပွားဆဲလ် နှင့် အဖိုမျိုးပွားဆဲလ် သုတ်ကောင်တို့မှာ အရွယ်အားဖြင့် အလွန်ကွာခြားလှပါတယ်။ လူ၏ သုတ်ကောင်ဆဲလ်မှာ haploid ဖြစ်သောကြောင့် ၎င်း၏ ၂၃ ခုသော chromosome တို့က အမမျိုးဥမှ chromosome ၂၃ ခုနှင့် ပေါင်းကာ diploid ဆဲလ် အဖြစ် ပေါင်းစည်းလိုက်ပါတယ်။  

အမြှီးတစ်ခုပါသော သုတ်ကောင် ဆဲလ်သည် ရွေ့လျားနိုင်သောကြောင့် spermatozoon ဟုခေါ်ပြီး မရွေ့လျားနိုင်ပါက spermatium ဟု ခေါ်ပါတယ်။ သုတ်ကောင်သည် မပွားနိုင်သလို သက်တမ်း ကန့်သတ်မှုလည်းရှိပါတယ်။ ဒါပေမယ့်လည်း သန္ဓေအောင်ပြီးသောအခါ မျိုးဥဖြစ်လာပြီး သက်ရှိဖြစ်လာနိုင်ပါတယ်။ နို့တိုက်သတ္တဝါတို့ရဲ့ သုတ်ကောင်ဟာ အမမျိုးပွားအင်္ဂါတွင် သုံးရက်ကြာအောင် အသက်ရှင်နေနိုင်ပါတယ်။ ပန်းပွင့်သောအပင်များတွင်တော့ (flowering plant) ဖိုဂမိမှ ဝတ်မှုန် (pollen) များ ထုတ်ပေးနိုင်ပါတယ်။  

ပိုးကောင်များမှာ မှန်ဘီလူးနှင့်သာလျှင် မြင်နိုင်ပြီး အကောင်ပေါင်း သိန်းသန်းများစွာ ရှိပါတယ်။ ခေါင်းပိုင်းနှင့် အမြီးပါ ပါရှိသော ဖားလောင်း ကောင်ကလေးများကဲ့သို့ လှုပ်ရှားလျက်ရှိပါတယ်။ ။ ထိုပိုးကောင်ကလေးများဟာ အမ၏မျိုးဥနှင့် ပေါင်းစပ်၍ လူသန္ဓေသားလောင်းကို ပေါက်ဖွားကြီးပြင်းစေတာပဲ ဖြစ်ပါတယ်။ ဆေးပညာသမိုင်းမှာတော့ သုတ်ပိုးကောင်ကို ဦးစွာတွေ့ရှိသူမှာ ဟော်လန်ပြည်သား လူဝင်ဟုတ်(၁၆၃၂-၁၇၂၃) ဖြစ်တယ်လို့ သိရပါတယ်။ 

Source : Wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။