ပရိသတ်ကြီးရေ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့ နှစ်ကိုယ်တူချစ်ခရီးလမ်းလေးက အေးမြသာယာလှပါတယ်နော်။နှစ်ယောက်သားက အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့့် ပရိသတ်တွေကတော့ အားပေးချစ်ခင်နေဆဲဖြစ်ကာ သူတို့ရဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း အားကျကြပါတယ်။အာဘွိုင်းကတော့ ဇနီးချောလေး မြတ်ရတနာကျော်ကို အရမ်းချစ်ပြီး ပျော်ရွှင်အောင်ထားပေးကာ သမီးတွေအပေါ်လည်း တာဝန်ကျေပြွန်တဲ့ ဖခင်ကောင်းတစ်ယောက်ပါနော်။

အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့က Our Travel Diaries ဆိုတဲ့ page လေးကိုထောင်ပြီး နှစ်ယောက်လုံးဝါသနာပါတဲ့ ခရီးသွားအတွေ့အကြုံလေးတွေကို ပြန်လည်မျှဝေနေတာဖြစ်ပါတယ်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့က အားလပ်ရက်တွေမှာဆို အပန်းဖြေခရီးတွေထွက်ပြီး ခရီးအတွေ့အကြုံလေးတွေနဲ့ အစားအသောက်ကောင်းတွေကို ပြောပြနေတာဖြစ်လို့ ပရိသတ်တွေကတော့ သူတို့ရဲ့ page လေးကို အားပေးကြပါတယ်။

အခုဆိုရင်တော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့က မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar influencer awards 2018 ပွဲလေးကို ဇနီးမောင်နှံနှစ်ယောက်လုံးတက်ရောက်လာကြပါတယ်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့လည်း Myanmar influencer awards 2018 မှာ ဇကာတင်စာရင်းထဲကို ပါဝင်ခဲ့ကြပါတယ်နော်။ပရိသတ်ကြီးအတွက် အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ယောက်လိုက်ဖက်ညီစွာ ပွဲကိုတက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Myat Yadanar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။