ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က အင်အိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းဆန္ဒပြပွဲတွေကတော့ သမ္မတ ဝီဒိုဒိုပြန်လည်ရွေးကောက်ခံခဲ့တဲ့ ရွေးကောက်ပွဲရဲ့ တရားဝင်မဲရလဒ်တွေထုတ်ပြန်ပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ ရွေးကောက်ပွဲအတွင်းမှာ မဲအရေအတွက် ၁၅၄ သန်းရရှိခဲ့တဲ့အနက် သမ္မတဟောင်း ဝီဒိုဒိုဟာ မဲအရေအတွက် ၈၅ သန်းကျော်ရရှိပြီး ပြိုင်ဘက် ပရာဘိုကို အနိုင်ယူနိုင်ခဲ့တာကြောင့်ဖြစ်သလို ပရာဘိုအနေနဲ့လည်း ရွေးကောက်ပွဲအတွင်းမှာ မဲလိမ်မှုကြီးကြီးမားမားရှိနိုင်တယ်လို့ ယုံကြည်ကြောင်းပြောဆိုထားတာတွေ့ရပါတယ်။

ဒ့ါအပြင် ဂျကာတာမှုာချီတက်ဆန္ဒပြခဲ့သူတွေထဲမှာဆိုရင်လည်း ပရာဘိုကို ထောက်ခံအားပေးသူတွေပါဝင်သလို ၎င်းဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြားမှာလည်း ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဆန္ဒပြသူတွေအနေနဲ့လည်း ရဲဝန်ထမ်းတွေကို မီးလောင်ဗုံးတွေ နဲ့အပြင် အခြားသောအရာတွေများစွာနဲ့ ပစ်ပေါက်ခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။