ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံက တရားရုံးတရုံးဟာ တရားခံအမျိုးသားတစ်ဦးကို သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းတရားခံအမျိုးသားကတော့ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ မူးယစ်မှောင်ခိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ပြင်သစ်နိုင်ငံသားပဲဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် စက်တင်ဘာလတုန်းက ၂ ကီလိုဂရမ်ကျော်ကျော်လောက် အလေးချိန်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ပြင်သစ်နိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းကို မှောင်ခိုသယ်ဆောင်လာတဲ့ ဖီလီဒေါ်ဖန်ပဲဖြစ်ပါတယ်။

သူ့ရဲ့ပြစ်ဒဏ်ကိုလည်း အစိုးရရှေ့နေတွေဟာ ထောာင်ဒစ် နှစ်၂၀ သာချမှတ်ဖို့ အဆိုပြုခဲ့ကြပေမယ့် တရားသူကြီးကတော့ သေဒဏ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆန့်ကျင်ရေးဥပဒေတွေ ချမှတ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နိုင်ငံတနိုင်ငံဆိုပေမယ့် ဒေါ်ဖန်ရဲ့ ရှေ့နေ့ကတော့ သေဒဏ်ကနေ ကင်းလွတ်ခွင့်ရအောင် အသနားခံစာတင်သွားဦးမယ်လို့ သိရပါတယ်။

Source- The Inedpendent

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။