ဟိုင်းအီနာကောင် သည် ဝံပုလွေနှင့် ခပ်ဆင်ဆင်တူသော တိရစ္ဆာန်တစ်မျိုးဖြစ်ပြီး စိတ်တက်ကြွသောအခါ များတွင် ရူးသွပ်နေသူ၏ ရယ်သံ ကဲ့သို့သော အသံကို ပြုလုပ် တတ်ပါတယ်။ ဟိုင်းအီနာကောင်ရဲ့ ပုံစံမှာ အလွန်ရုပ်ဆိုးပြီး ကြောက်လည်း ကြောက်တတ်ပါတယ်။ ဒါပေမယ့်လည်း ကြာက်မက်ဖွယ်ကောင်းသော မျက်စိ များ ရှိပြီး နားရွက်တွေကလည်း ရှည်၍ ထောင်နေတတ်ပါတယ်။ ခြေထောက်များတွင် ခြေချောင်း ကလေးပေါင်း လေးချောင်းစီသာ ရှိပြီး ငြိမ်သက်စွာ ရပ်၍နေသော တိရစ္ဆာန်တစ်ကောင်ကိုပင် ကိုက်ခဲတတ်ပါတယ်။ ဒါပေမယ့် မြင်းနှင့် ကျွဲ၊ နွားတွေဟာ သူတို့ကို တွေ့တဲ့အခါ ကြောက်ပြီး အားကုန်ပြေးကြပြေီး နောက်ဆုံးတွင် အမောဆို့ သကုန်ကြတာပဲ ဖြစ်ပါတယ်။  

ဟိုင်းအီနာကောင်၌ သန်မာသည့် မေးရိုးကြီးများနှင့် သွားများရှိပြီး ထိုသွားများဖြင့် ကျွဲ၊ နွားတို့၏ ခြေ ထောက်ရိုးများကိုပင် ကွဲအောင် ကိုက်နိုင်ပါတယ်။ အသားမရှိတော့သော အရိုးများကိုသာ တွေ့ရသောအခါ မျိုးတွင် ဟိုင်းအီနာကောင်သည် ထိုနည်းဖြင့် အရိုးတွင်းရှိ ခြင်ဆီကို ထုတ်ယူ၍ စားသောက်လေ့ရှိပါတယ်။ ဟိုင်းအီနာကောင် သုံးမျိုးရှိရာ ဟိုင်းအီနာအကျား၊ အညိုနှင့် အပြောက် ဖြစ်ပြီး ဟိုင်းအီနာအကျား၏ အရောင်မှာ အညိုရောင်ဖြစ်ပြီးလျှင် သူ့ရဲ့ ဘေးဘက်များ၌ အထက်နှင့်အောက် အမည်ကျားများ ရှိပါတယ်။ ဟိုင်းအီနာအပြောက်နှင့် ဟိုင်းအီနာအညိုတို့သည် အာဖရိကတိုက်ရှိ ဆဟားရားသဲကန္တရ၏ တောင်ဘက်တွင် နေထိုင်ကြပြီး ဟိုင်းအီနာ အကျားသည် အာဖရိကတိုက် အရှေ့ပိုင်းနှင့် အာရှတိုက် တောင်ပိုင်း၊ အီသီယိုးပီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံအထိ ပြန့်နှံနေထိုင်ကြတာပဲ ဖြစ်ပါတယ်။ 

Source : Wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။