အနုပညာလောကမှာ အောင်မြင်မှုတွေ အသီးသီးရရှိထားတဲ့ သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ သရုပ်ဆောင် မအေးသောင်းတို့နှစ်ယောက်ကတော့ အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ VCD ခေတ်ကတည်းက အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ကိုင်လာတဲ့ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုကလည်း တကယ့်မောင်နှမအရင်းတွေလို ဖြစ်နေပြီ ဖြစ်ပါတယ်။ အခုလည်း သူတို့နှစ်ယောက်က ပွဲတစ်ခုကို အတူတက်ရောက်ခဲ့ကြပါတယ်။

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ပွဲကိုတော့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး ဖြိုးငွေစိုးနဲ့ မအေးသောင်းတို့ကလည်း ဒီပွဲလေးမှာ အတူတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ "ဧည့်သည်" ဇာတ်ကားလေးမှာတော့ ဖြိုးငွေစိုးက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး မအေးသောင်းက သူငယ်ချင်းကို လာရောက်အားပေးခဲ့တာလည်း ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ပွဲတက်လာတဲ့ မအေးသောင်းတို့နှစ်ယောက်ကတော့ အမှတ်တရဓာတ်ပုံတွေလည်း အတူရိုက်ကူးခဲ့ကြပါတယ်။

ဖြိုးငွေစိုးတို့ သူငယ်ချင်းနှစ်ယောက်က တွေ့ဆုံချိန်လေးမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း တစ်ယောက်ကို တစ်ယောက်ကို စနောက်နေကြတာ ဖြစ်ပါတယ်။ အားရပါးရ ရယ်မောရင်း ပျော်ရွှင်နေကြတဲ့ ဖြိုးငွေစိုးနဲ့ မအေးသောင်းတို့ရဲ့ပုံရိပ်လေးတွေကလည်း တကယ့်ကို ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ပွဲကို တက်ရောက်ခဲ့ကြတဲ့ ဖြိုးငွေစိုးနဲ့ မအေးသောင်းတို့ရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:7th Sense Creation;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။