ပရိသတ်ကြီးရေ beauty blogger တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေအားပေးချစ်ခင်လာရတဲ့ နေခြည်ဦးဟာဆိုရင် လက်ရှိမှာ အနုပညာလောကထဲကို ဝင်ရောက်လာပြီး ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။နေခြည်ဦးကို သူမရဲ့ ပရိသတ်တွေကတော့ ချီချီလို့ ချစ်စနိုးလေးခေါ်ဝေါ်ကြပြီး ချီချီဝေမျှတဲ့ အလှအပရေးရာ ဗဟုသုတတိုင်းကို မိန်းကလေးတွေ က လိုက်လုပ်ကြပါတယ်နော်။

ချီချီကတော့ လက်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေပြီး ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာကို တွေ့မြင်ရပါတယ်။ချီချီကတော့ တက်သစ်စမင်းသမီးလေးဆိုပေမယ့် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေတောင် သူမရဲ့ အိုင်တင်တွေကို ချီးကျူးရပါတယ်နော်။

နေခြည်ဦးကတော့ တစ်နေ့တစ်ခြား ပိုပြီးလည်း ချစ်စရာကောင်းလာတဲ့အပြင် အမြဲတမ်း ယုံကြည်မှုအပြည့်ရှိနေတာပါနော်။နေခြည်ဦးက သူမရဲ့ အလှအပနဲ့ပက်သက်ပြီး ခွဲစိတ်ပြုပြင်တာကအစ အကုန်လုံးကို ပရိသတ်တွေကို ချပြခဲ့ပါတယ်။အခုဆိုရင်လည်း နေခြည်ဦးက နောက်ထပ်ခွဲစိတ်မှုလုပ်ရဦးမယ်ဆိုရင် သူမရဲ့ရင်သားကို ခွဲစိတ်မှုလုပ်ချင်ပါတယ်ဆိုပြီး အင်တာဗျူးမှာပွင့်ပွင့်လင်းလင်းနဲ့ ဖြေသွားခဲ့ပါတယ်နော်။

Source:Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။