အနုပညာလောကမှာ ပါးချိုင့်လေးနဲ့ပရိသတ်တွေရဲ့အချစ်တွေကိုဖမ်းစားထားတဲ့မင်းသမီးလေးကတော့ အေးမြတ်သူပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တစ်ခုကျော်ထိအနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့လျှောက်လှမ်းနေတဲ့ ပြည်သူချစ်မင်းသမီးချောလေးပါ။ သူမရဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ဇာတ်ကားတိုင်းလိုလိုဟာလည်း အပိုအလိုမရှိကွက်တိသရုပ်ဆောင်ကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ 

သူမဟာ အသက်၃၀ လို့ထင်ရက်စရာမရှိလောက်အောင်ပဲ နုပျိုလွန်းနေတာဟာလည်း ဘုရားပေးတဲ့ဆုလာဘ်ပါ။မမြတ်လေးရဲ့အပြုံးလေးတွေဟာလည်း ပုရိသတွေကိုဆွဲငင်ဖမ်းစားနိုင်လွန်းတာပါ။ သူမရဲ့တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတွေကြောင့်လည်း မိန်းကလေးပရိသတ်များကပါ အချစ်ပိုနေရသူလေးပါ။ လက်ရှိမှာတော့ သူမဟာ ငပလီကမ်းခြေကိုအပန်းဖြေရန် ရောက်ရှိနေတာပဲဖြစ်ပါတယ်။  

သူမရဲ့ Instagram လူမှုကွန်ယက်မှတွင်လည်း ဘီကနီနဲ့ပုံရိပ်လေးတွေလည်း တင်ထားတာပဲဖြစ်ပါတယ်။ သူမရဲ့ပုံရိပ်လေးတွေအောက်မှာလည်း ပရိသတ်များက မလုံမခြုံတွေမဝတ်ပါနဲ့လို့ပြောထားကြတာပါ။ မမြတ်လေးကလည်း " ကမ်းခြေလေးရောက်နေလို့ပါ .... ဒီလောက်ဘဲ အဲ့ထပ် မပိုစေရပါဘူးရှင့် ." ဆိုပြီး ပရိသတ်ကြီးကိုပြန်ဖြေပေးထားတာလေးကလည်း ချစ်ဖို့ကောင်းလွန်းနေတာပါနော်။ ပရိသတ်ကြီးလည်း မမြတ်လေးရဲ့ ကမ်းခြေရောက်ပုံရိပ်လေးများကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Myat Lay8686

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။