ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး international တန်းဝင်တဲ့ မြန်မာ့ဂုဏ်ဆောင် "Miss Grand Myanmar" တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကို သိကြမယ်ထင်ပါတယ်နော်။ ရယ်လိုက်ရင် ပါးချိုင့်လေးပေါ်သွားပြီး ပုရိသတွေရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားနိုင်တဲ့သူမဟာဆိုရင် အနုပညာလောကမှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ သူမရဲ့ သဘာဝကျပီပြင်လှတဲ့ သရုပ်ဆောင်အမူအရာတွေကို ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုခံစားခဲ့ကြရမှာဖြစ်ပါတယ်...။

သူမရဲ့ချိုသာတဲ့အပြုံးနဲ့စူးရှတဲ့အကြည့်တွေကြောင့် ယောကျာ်းလေးပရိသတ်အခိုင်အမာ ရရှိထားတာဖြစ်ပြီး သဘောကောင်းပွင့်လင်းတဲ့သူမရဲ့ ပြောဆိုဆက်ဆံမှုတွေကြောင့် မိန်းကလေးပရိသတ်များကလည်း ချစ်ခင်အားပေးလျက်ရှိတာပဲဖြစ်ပါတယ်။ "ကြိုးဖုန်း" ဆိုတဲ့ horror ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သူမဟာဆိုရင် "ဂျင်ပါတီ" ဆိုတဲ့ ရုပ်ရှင်ဇတ်တားကြီးထဲမှာလည်း ဘယ်လိုမျိုးသရုပ်ဆောင်မှုတွေနဲ့ ပေါ်ထွက်လာမလည်းဆိုတာ ပရိသတ်ကြီးတို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်မျှော်ကြရမှာပဲဖြစ်ပါတယ်။

ရွှေအိမ်စည် ဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်စဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ကြောင်လေးနဲ့ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင် "သူငယ်ချင်း အသစ်ရသွားပီ တွေ့ချိုလေးပေါ့ ရှိတုန်းကတော့ ပွတ်သက်နေပီး ပြန်ပီလည်းဆိုရော အဖတ်ကိုမလုပ်တော့တာ" ဆိုတဲ့ status လေးနဲ့တကွ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်...။

Source Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။