ဥဿဖယား (ခေါ်) ထပ်တရာသည် မြန်မာတို့အတွက် နဝရတ်ကိုးပါး စာရင်းဝင်ကျောက်ဖြစ်ပြီး ဓာတုဖွဲ့စည်းမှုမှာ ဖလူအို ဆီလီကိတ်ဖြစ်ကာ အလူမီနီယံ ဓာတ်စင်ရောနှောပါဝင်ပါတယ်။ ပုံဆောင်စနစ်မှာ ရွမ်းဘတ်စနစ်ဖြစ်ပြီး မာဆင့် ၈ ရှိပြီး ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်၍ သိပ်သည်းဆ ၃.၅၃ မှ ၃.၅၆ ထိရှိပါတယ်။ အရောင်ကွဲမြောက်များစွာရှိတတ်ပြီး ကျောက်မျက်အရောင်းအဝယ်လောကတွင် ညိုဝါရောင် ဥဿဖယားသည် လူကြိုက်များသော အမျိုးအစားဖြစ်ပါတယ်။ 

ဒါ့အပြင်အချို့သော အရောင်မဲ့ နှင့် အပြာနုရောင် ဥဿဖယားများကို ရောင်ခြည်ဖြင့်ပြုပြင်ကာ ဥဿဖယားပြာကိုလည်း ရရှိနိုင်ပါသေးတယ်။ ထိုကဲ့သို့ ပြုပြင်ထားတဲ့ ဥဿဖယားများကို သာမာန်ကျောက်မျက်စစ်ကိရိယာများဖြင့် စစ်ဆေးရုံမျှဖြင့် မူလအရောင်ကို မသိနိုင်ဘူးလို့ သိရပါတယ်။ ဥဿဖယားသည် အလွန်ပေါများစွာတွေ့ရှိရတတ်သည့် ကျောက်မျိုးဖြစ်ပြီး သန့်စင်၍ အရွယ်အစားအထူးကြီးမားသော ဥဿဖယားများကိုလည်း တွေ့ရတတ်ပါတယ်။  

ပေါ့ဆစွာကိုင်တွယ်ပါက အလွယ်တကူကွဲအက်သွားနိုင်သည့်အတွက် သတိထားကိုင်တွယ်ရလေ့ရှိတဲ့ ကျောက်အမျိုးအစားလည်း ဖြစ်ပါတယ်။ အဓိကအားဖြင့် ဘရာဇီးနိုင်ငံဟာ ဥဿဖယားများကို ဦးဆောင်ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ၊ ဩစတြေးလျ ၊ မက္ကဆီကို ၊ ယူနိုက်တက်ကင်းဒမ်း နှင့် မြန်မာ နိုင်ငံတို့တွင်လည်း အတော်အတန်ထွက်ရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ဒီလိုမျိုး ကျောက်မျက်ရတနာ အကြောင်းတွေကို ဖော်ပြပေးအုန်းမှာ မို့လို့ စောင့်မျှော် ဖတ်ရှုပေးကြပါအုန်းနော်။  

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။