အဆိုတော်သားဂန်းတစ်ယောက် သီချင်းဆိုလည်းတော် ဟင်းချက်တာလည်းတော်တဲ့ အပြင် ချစ်သူကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးတဲ့နေရာမှာလည်း အရမ်းကိုတော် လွန်းပါတယ်။ ဘေဘီမောင်ကတော့ Personal Photographer လေးရဲ့ လက်စွမ်းကြောင့် အလှတွေပိုပိုပြီးတိုးလာပြီပေါ့နော်။ နှစ်ယောက်သား လတ်တလောမှာတော့ ကမ်းခြေ ရောက်ရှိနေပြီး ကမ်းခြေမှာ အပြတ်အသတ်တွေ လန်းနေတဲ့ ဘေဘီ့ကို ရင်ခုန်ဖွယ်ရာ ပုံရိပ်လေး တွေဖြစ်အောင် ဓာတ်ဖမ်းပေးထားတာပဲဖြစ်ပါတယ်။

နှစ်ယောက်သား အရမ်းကိုချစ်ပြီး အပြန်အလှန်နားလည်မှုတွေနဲ့ နှစ်ဖက်မိဘတွေ အသိပေးပြီး ပွင့်ပွင့်လင်းလင်း ချစ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝိုင်းဝန်း ချစ်ခင်ပြီး နှစ်ယောက်သားကလည်း ရှေ့သွားနောက်လိုက်ညီလွန်းပါတယ်။ အရင်က ခေတ်ဆန်တာတွေ ဝတ်ခဲ့ဖူးပေမယ့် ခုနောက်ပိုင်းမှာတော့ မြန်မာဆန်ဆန်ပုံစံလေးတွေ ကိုပဲ ပိုနှစ်သက်ပြီး ဝတ်ဖြစ်တယ်လို့ သူမက ပြောခဲ့ပါသေးတယ်။

ဒီတစ်ခေါက်မှာတော့ ကမ်းခြေရောက်တောမို့ Beach Mood လေးဖြစ်အောင် ဘောင်းဘီ အတိုလေးနဲ့ ချည်ထိုးအင်္ကျီလေးကို တွဲဖက်ဝတ်ဆင် ထားတဲ့ ဘေဘီ့ရဲ့ပုံရိပ်လေးတွေကို လှပလွန်းနေပါတယ်။ ချစ်သူကို ပိုလှအောင် ရိုက်ပေးတတ်တဲ့ သားဂန်းရဲ့ လက်ရာက တော့ အမိုက်စားပဲနော်။ နှစ်ယောက်သား အတူတူ ပျော်ပျော်ရွှင်ရွှင် မကြာခဏ ခရီးထွက်တတ်ပြီး ဒီတစ်ခေါက်မှာလည်း ပင်လယ်ခရီးကို ပျော်ပျော်ကြီး ထွက်နေပုံက အားကျစရာပါပဲ။

Photo - Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။