ဂျာမန်မြေကထွက်တဲ့ ကာစားသမားကောင်းတွေကို ဘိုင်ယန်က ခေါ်ယူလေ့ရှိပေမယ့် ယခုမှာတော့ ဒေါ့မွန်အသင်းဟာ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ကစားသမား နှစ်ဦးဖြစ်တဲ့ ဂျူလီယန်ဘရန့်နဲ့ သော်ဂန်ဟာဇက်တို့ကို ခေါ်ယူလိုက်ပါတယ်။ဒါဟာ လာမယ့်နှစ်မှာ ဒေါ့မွန်အနေနဲ့ ဆုဖလားတွေရရှဖို့ ရည်ရွယ်နေတာပဲဖြစ်ပါတယ်။  

ဒေါ့မွန်အသင်းဟာ တောင်ပံကစားသမား ပူလီဆစ်ကို ချဲလ်ဆီးအသင်းဆီ အပြီးသတ် စေလွှတ်လိုက်ရပြီးနောက် ဟာဇက်ရဲ့ညီ မိုချန်ဂလာဘက်အသင်းက သော်ဂန်ဟာဇက်ကို ပေါင် ၂၂ ဒသမ ၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။အဲဒီနောက်မှာတော့ လေဗာကူဆင်အသင်းက ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ဂျူလီယန်ဘရန့်ကို ပေါင် ၂၂ ဒသမ ၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဘရန့်ကတော့ ဒေါ့မွန်အသင်းက ချန်ပီယံဆုဖလားနဲ့ ကပ်လွဲခဲ့ရတဲ့အသင်း ဖြစ်တာကြောင့် သူ့အတွက် တိုးတက်မှုတွေ ရှိလာနိုင်တဲ့အသင်း ဖြစ်တယ်လို့ ဆိုပါတယ်။အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ဂျာမနီလက်ရွေးစင် ဘရန့်ဟာ လေဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါပွဲစဉ် စုစုပေါင်း ၁၆၅ ပွဲကစားပြီး ၃၄ ဂိုးသွင်းပြီး ၄၁ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

sourceL dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။