ပင်လယ်သေ ကို ဆားပင်လယ် ဟုလည်း ခေါ်ဝေါ်ကြပြီး အရှေ့ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် ပါလက်စတိုင်း အနောက်ကမ်းနှင့် အစ္စရေးနိုင်ငံ တို့ဖြင့် ဝန်းရံတည်ရှိသော ဆားရေကန်တစ်ခု ဖြစ်ပါတယ်။ ထိုပင်လယ်၏ မျက်နှာပြင် နှင့် ကမ်းပါးမှာ ပင်လယ်ရေမျက်နှာပြင်အောက် ၁,၃၈၈ ပေ (၄၂၃ မီတာ) မျှ နိမ့်ပြီး ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် အနိမ့်ဆုံးနေရာလည်း ဖြစ်ပါတယ်။ ပင်လယ်သေသည် ၁,၂၃၇ ပေ (၃၇၇ မီတာ) နက်ပြီ: ကမ္ဘာပေါ်တွင် အနက်ဆုံးသော ဆားငန်လွန်ရေကန် တစ်ခု ဖြစ်ပါတယ်။  

ဆားငန်ရေပါဝင်မှု ၃၃.၇ ရာခိုင်နှုန်း ရှိသဖြင့် ကမ္ဘာပေါ်တွင် ဆားငန်မှုအများဆုံး ရေကန်များတွင် တစ်ခုတွင်လည်း အပါအဝင် ဖြစ်ပါတယ်။ သမုဒ္ဒရာထက် ၈.၆ ဆ မျှ ပို၍ ဆားငန်မှု များပြီး ဆားငန်မှု များပြားလွန်းသဖြင့် သဘာဝ ပတ်ဝန်းကျင် ကြမ်းတမ်းကာ မည်သည့်သတ္တဝါမှ မျိုးပွား အသက်ရှင်နိုင်ခြင်း မရှိပါဘူး ။ ဒီလို ဘယ်သက်ရှိမှ မရှင်သန်နိုင်လို့လည်း ပင်လယ်သေလို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ ပင်လယ်သေရဲ့ အရှည်ဆုံးနေရာတွင် ၄၂ မိုင် (၆၇ ကီလိုမီတာ) ရှည်ပြီး အကျယ်ဆုံးနေရာတွင် ၁၁မိုင် (၁၈ ကီလိုမီတာ) မျှ ကျယ်သည်။ ဂျော်ဒန်တောင်ကြား ဒေသတွင် တည်ရှိပြီး ဂျော်ဒန်မြစ်မှ အဓိက စီးဝင်တာပဲ ဖြစ်ပါတယ် ။  

ကမ္ဘာပေါ်တွင် အငန်ဆုံးသော အိုင်ကြီးဖြစ်သည့် ပင်လယ်သေဟာ ပါလက်စတိုင်းနှင့် ထရန်စဂျော်ဒန်နိုင်ငံတို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိနေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကျယ်အဝန်းကတော့ ၄၇ မိုင် ရှည်၍၊ ၁ဝ မိုင် ကျယ်ကာ အနက်ဆုံးနေရာတွင် ပေ ၁၃၁ဝ ရှိ သော်လည်း၊ အချို့နေရာတွင် ၃ ပေမှ ပေ ၃ဝ အထိခန့်သာ အနက်ရှိပါတယ်။ မိုင် ၅ဝ မျှသာ ကွာဝေးသော မြေထဲပင်လယ် ရေမျက်နှာပြင် အောက်ပေပေါင်း ၁၂၉ဝ နိမ့်ကာ မြောက်မှ တောင်သို့ စီးဆင်းသော ဂျော်ဒန်မြစ်သည် ဂျရူးဆလမ်းမြို့၏ အရှေ့စူးစူး ၂၅ မိုင်ခန့် အကွာတွင် ပင်လယ်သေထဲသို့ စီးဝင်သွားပါတယ်။ အရှေ့နှင့် အနောက်ဘက်တို့မှ လည်း ချောင်းငယ် မြစ်ငယ်ပေါင်း များစွာ စီးဝင်ကြပြီး တစ်နေ့လျှင် ထိုမြစ်များမှ ရေချို တန်ချိန် ခြောက်သန်းကျော် စီးဝင်သည့်ကြားမှပင် ပင်လယ်သေ၏ ရေသည် သမုဒ္ဒရာ ရေထက် ခြောက်ဆခန့်ပို၍ ငန်သေးတယ်လို့ သိရပါတယ်။ 

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။