"ပြသနာ" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဗိုက်ကြီးသည်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးရွှေပိုးအိမ်ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ သူမဟာဆိုရင် ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်ရိုက်ကူးထားပြီး ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်တာလည်းဖြစ်ပါတယ်...။ သဘောကောင်းပြီး စိတ်ထားကောင်းမွန်တဲ့ အတွက်ကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်...။ မြန်မာဝတ်စုံလေးတွနဲ့ အမြဲရိုးယဉ်စွာ လှပနေသူတစ်ယောက်ပါနော်...။

ရွှေပိုးအိမ်ဟာ ကြော်ငြာ၊ မဂ္ဂဇင်းတွေနဲ့ photo shooting တွေကို အများဆုံးရိုက်ကူးလေ့ရှိပြီး red carpet show ပွဲတွေကိုလည်း အမြဲလိုလိုဖက်ရှင် အလန်းစားတွေနဲ့တက်ရောက်လေ့ရှိတာဖြစ်ပါတယ်...။ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေလည်း ထွက်လေ့ရှိပြီး ဘဝကြီးကို အေးချမ်းသာယာစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်...။ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကို စိတ်ရော၊ ကိုယ်ပါ နှစ်ပြီးလုပ်ကိုင်လေ့ရှိတာဖြစ်ပါတယ်...။ ကမ်းခြေထက်က ပုံရိပ်လေးတွေဟာဆိုရင်လည်း မြင်သူတိုင်းကိုစွဲမက်စေတာဖြစ်ပါတယ်...။

social media ကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာကို မြန်မာပြည်သူ၊ ပြည်သား အများအပြား အသုံးပြုလေ့ရှိတာဖြစ်ပါတယ်....။ cele တွေ၊ အနုပညာရှင်များလည်း အသုံးပြုလေ့ရှိပြီး အပန်းဖြေအနေနဲ့ကော၊ အလုပ်ကိစ္စနဲ့ကော သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ၊ အနုပညာလှုပ်ရှားမှုတွေကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ ထိုကြောင့်လည်း အနုပညာရှင် အသီးသီးရဲ့ ပုံရိပ်တွေကို ပရိသတ်တွေက အမြဲမြဲလို တွေ့မြင်နေကြရတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း တင်ဆက်ပြသပေးလိုက်တဲ့ ရွှေပိုးအိမ်ရဲ့ အလှပုံရိပ်လေးတွေကို ကြည့်ရှုခံစားသွားကြပါဦးနော်...။

Source Shwe Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။