အိချောပိုကတော့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးပဲဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့လဲ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းကို ဖမ်းစားထားသူလေးဖြစ်ရာ သူမရဲ့ အသည်းယားစရာကောင်းတဲ့ ပုံရိပ်လေးတွေဟာလဲ ပရိသတ်တွေကြားမှာ အမြဲ ရေပန်းစားနေခဲ့ပါတယ်။

ယနေ့မှာတော့ အိချောပိုတစ်ယောက် သူမ ခက်ခက်ခဲခဲ ရိုက်ကူးနေတဲ့ ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ကားကြီးဟာ ရိုက်ကူးလို့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အိချောပိုကတော့ " အမှတ်တရပေါင်းများစွာ ကြိုးစားမှုပေါင်းများစွာ အခက်ခဲပေါင်းများစွာ ဂျူတီပေါင်းများစွာနဲ့ ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ကားကြီးရိုက်ကူးပြီးသွားပါပြီ " ဆိုပြီး ပြောထားပါတယ်။ 

ဒီရေသူမကားလေးမှာ ကြိုးစားခွင့်ပေးတဲ့ ဒါရိုက်တာဦးကျော်သူ (ဦးမောင်) နဲ့ ထုတ်လုပ်သူကိုလည်း တကယ်ကျေးဇူးတင်ပါတယ်... ပါဝင်ကြတဲ့အနုပညာမောင်နှမများ လုပ်ဖော်ကိုင်ဖက်များ အပင်ပန်းခံခဲ့ကြတဲ့ ကင်မရာမန်းများ ဆက်တင်များ စက်မှုအဖွဲ့သားများ အသင့်ရှိနေပေးကြတဲ့ ကယ်ဆယ်ရေးအဖွဲ့များ special effect makeup ဆရာများ အဖက်ဖက်ကဝိုင်းဝန်းပံ့ပိုးပေးတဲ့ costume designer များအားလုံးကိုကျေးဇူးတင်ပါတယ်... ရေသူမဝတ်စုံလေးကို စီစဉ်ပေးတဲ့ Mmez onlineshop မှ မမ Su Hay, Myanmar Glam Couture မှ မမ Su Nandar Hlaing, မိတ်ကပ် Phoo Phoo , ရှုတင်မန်နေဂျာကြီး ဦးအောင်သူတို့ကိုလည်းကျေးဇူးတင်ပါတယ်ရှင့်ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။